Thursday, May 10, 2012

အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ

ayemyathidar kyaw
Mar 23


အသက် ၁၈ နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ

Medical Writings for Adult Reading
ကျန်းမာရေး နဲ့ ဆေးပညာ မေးလိုတာ ရှိပါက -
ဖြစ်တဲ့သူရဲ့ အသက်၊ ကျား-မ၊ ဖြစ်နေတဲ့ လက္ခဏာ ၁-၂-၃။ တခုတိုင်းက ဘယ်လောက်
ကြာပြီ။ လိုအပ်ရင် နောက်ခံ ကျန်းမာရေး ရာဇဝင်၊ ဥပမာ ဓါတ်မှန်၊
(အာလ်ထွာဆောင်း)၊ လိုအပ်ရင် အိမ်ထောင် ရှိ-မရှိ။ လိုအပ်ရင် နေတဲ့
တိုင်းပြည်။ ဆေးနာမည် ရေးရင် Trade name ကုမ္ပဏီက ပေးတဲ့ နာမည် သာမက
Generic name ဆေးနာမည် ထည့်ရေးပါ။ လူနာမည်၊ နေရပ်လိပ်စာ အတိအကျ
ကိစ္စမရှိပါ။ drswe01@gmail.com ကို (အီးမေးလ်) ပို့ပါ။ ဖုန်းဆက်ပြီး
မေးတာ Time zone မတူတာရော၊ အသံထွက် လွဲနိုင်တာရောကြောင့် အဆင်မပြေပါ။
ကျန်းမာရေး နဲ့ ဆေးပညာ ရှာလိုတာ ရှိပါက Search ထဲမှာ
မြန်မာလို-အင်္ဂလိပ်လို ရိုက်ပြီးရှာပါ။ အောက်ဆုံးမှာ မာတိကာရှိပါတယ်။
- http://dts-medicaleducation.blogspot.in/
- http://health-adult-reading.blogspot.in/
- http://yamuna-online-clinic.blogspot.in/
- http://yamunaclinic.org/
Sunday, March 18, 2012
Menstruation Questions ရာသီအကြောင်း
• I'm Not Pregnant သွေးဆင်းလာရင် ကိုယ်ဝန် မရှိဘူးပေါ့။
ကံသေကမ္မ ပြောမရသေးပါ။ ရာသီသွေး ဟုတ်ပါရဲ့လား။ Early pregnancy
ကိုယ်ဝန်ရှိစမှာလဲ သွေးဆင်းတတ်တယ်။ Morning sickness
ကိုယ်ဝန်ရှိစလက္ခဏာတွေ ရှိသလား သတိထားပါ။ Urine pregnancy test သေခြာအောင်
ဆီးစစ်ပါ။ Miscarriage ကိုယ်ဝန်ပျက်လို့လဲ ဆင်းတယ် မဟုတ်လား။ Ovulation
မျိုးဥ ထွက်တော့လဲ နဲနဲဆင်းတတ်တယ်။ ဒါဆိုရင် ကိုယ်ဝန် မဟုတ်ဘူး။
ရာသီသွေးလဲ မဟုတ်ဘူး။
• Skip a Period ရာသီမလာတာ ဘာလို့လဲရှင့်
မပူပါနဲ့။ ရာသီ မမှန်တာ မကြာခဏ ဖြစ်တတ်ပါတယ်။ အပျိုဖြစ်စ ၅-၇
နှစ်အတွင်းမှာ ပိုဖြစ်တတ်တယ်။ ကိုယ်ဝန်ကို အရင် စဉ်းစားရမှာတော့
သေခြာတယ်။ ဒါ့အပြင် စိတ်ဖိစီးမှု၊ ကိုယ်အလေးချိန်များတာ၊ ပိန်လွန်းတာ၊
လေ့ကျင့်ခန်း-အားကစား လုပ်တာများရင်၊ ကျန်းမာရေး မကောင်းတာ
စတဲ့အချက်တွေကနေလဲ ရာသီကို တမျိုးတမည် ဖြစ်စေနိုင်တယ်။ ရာသီတလ ဆိုတာ ၂၈
ကနေ ၃၅ ရက်အထိ ကြာတတ်တယ်။ ဒိထက်ကျော်နေရင် ဆရာဝန်ပြပါ။

• Tampons ရာသီလာတုံးသုံးတဲ့ (တင်မ်ပွန်) ကြောင့် ဘာဖြစ်နိုင်ပါသလဲ
ရာသီလာလို့ ဆင်းတာတွေကို စုပ်ယူစေဘို့ အရင်ကတော့ (ပက်) ခေါ်တဲ့ အခုအခံကို
သုံးတယ်။ အခုလဲ အများစုက သုံးပါတယ်။ နောက်ပိုင်းမှာ ဗဂျိုင်းနားထဲကို
ထည့်သွင်းထားရတဲ့ (ကော်တွန်) နဲ့လုပ်ထားတဲ့ (တင်မ်ပွန်) ခေါ်တဲ့
ပစ္စည်းလေးကို သုံးလာကြတယ်။ (တင်မ်ပွန်) ကြောင့် Toxic Shock Syndrome
(TSS) ဆိုတာဖြစ်ရင်တော့ အရေးကြီးတယ်။ ဗက်တီးရီးယားဝင်လို့ အသက်ကိုပါ
ရန်ရှာနိုင်တယ်။ ဖြစ်တာ အလွန်ကိုရှားပါးပါတယ်။ ကိုယ်ပူလာ၊ ချမ်းလာမယ်၊
ဗိုက်အောက်ပိုင်း နာလာမယ်ဆိုရင် ဆရာဝန်ပြပါ။ အနီပြင်လဲ
ထွက်နိုင်တယ်။ဗဂျိုင်းနားထဲ ကြာကြာမထားပါနဲ့ အသစ်လဲပေးပါ။

• Tampon Sizes (တင်မ်ပွန်) အရွယ်အစား
Junior အငယ်၊ Regular ပုံမှန်၊ Super အကြီး နဲ့ Super plus
မဟာအကြီးစားတွေ ရှိပါတယ်။ ပျမ်းမျှအရွယ်တခုကနေ သွေး-အရည် လဘက်ရည်တဇွန်းစာ
စုပ်ယူနိုင်တယ်။ တခုကို ၄-၆ နာရီတခါ လဲပေးသင့်တယ်။ ညအချိန်အိပ်ချိန်မှာ
(ပက်) ကို ပိုသုံးတာကောင်းတယ်။ TSS မဖြစ်စေနိုင်ဘူး။

• Too Heavy ရာသီဆင်းတာများရင်
တလမှာ ဆင်းတာ လဘက်ရည်ဇွန်း ၄-၁၂ အထိရှိနိုင်တယ်။ တနေ့မှာ Pad, Minipad
(ပက်) ဖြစ်ဖြစ် (တင်မ်ပွန်) ၁ဝ ခုမက သုံးရတယ် ဆိုရင်၊ တနာရီတခါ
လဲပေးနေရရင်တော့ ဆရာဝန်ပြပါ။

• How Long တခါလာ ဘယ်လောက်ကြာသလဲ
အများစု အမျိုးသမီးတွေ ရာသီတခါလာရင် ၃-၅ ရက်ကြာတယ်။ ၂-၇ ရက်အထိလဲ
မစိုးရိမ်ပါနဲ့။ ဒါထက်ကြာရင် ဆရာဝန်ပြပါ။ သွေးဆင်း များရင်တော့ Anemia
သွေးအားနည်းစေတတ်လို့ သံဓါတ်ဆေး နဲ့ အစားအစာ အပိုလုပ်ပါ။

• Pregnant During Period ရာသီလာနေတုံး အတူနေရင် ကိုယ်ဝန်မရဘူး မဟုတ်လား။
ရာနှုန်းပြည့်တော့ မရဘူးမပြောနိုင်သေးပါ။ ကိုယ်ဝန်ဆိုတာ
မျိုးဥထွက်တာနဲ့သာဆိုင်တယ်။ ရာသီလာတာနဲ့ မဆိုင်ဘူး။ မျိုးဥက
ရာသီမလာခင်ကလေး ထွက်ထားရင် ကိုယ်ဝန်ရချင် ရနိုင်တယ်။ တနေ့ကဘဲ
မိန်းကလေးတယောက်က မေးသေးတယ်။ ရာသီရက်ထဲမှာ အကာကွယ်မပါဘဲ အတူနေမိလို့
ဆီးစစ်တော့ အပေါင်းပြနေသတဲ့။

• Cramps ရာသီလာရင် ဗိုက်နာတာ ဘာလုပ်ရမလဲ
Acetaminophen (Paracetamol), Ibuprofen, or Naproxen
ဆေးတမျိုးမျိုးသောက်ပါ။ ဟော်မုန်းပါ ကိုယ်ဝန်တားဆေး သောက်ရင်လဲ သက်သာတယ်။
ရေနွေးအိတ်ကပ်ပါ။ ရေနွေးနဲ့ ရေချိုးပါ။

• Bloating ဗိုက်ကယ်-လေပွရင်ကော
အောက်ပိုင်းက ဝတ်ရတာ နဲနဲကြပ်လာမယ်။ ဒီအချိန်မှာ ရေက
ခါတိုင်းထက်ပိုအောင်းတတ်လို့ဖြစ်တယ်။ အစားအသောက် ဆင်ခြင်ပါ။ အသီးအနှံ၊
အသီးအရွက်ပိုစားပေးပါ။ အငန်လျှော့စာပါ။
• PMS Symptoms ရာသီမလာခင်ဖြစ်ချင်တာတွေ
အနည်းနဲ့ အများခံစားရတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ အငန်လျှော့စား၊
ကော်ဖီလျှော့သောက်၊ စိတ်မူပြောင်းတတ်သူက သတိထားဆင်ခြင်နေထိုင်ပါ။
လိုအပ်ရင် ဆရာဝန်ပြပါ။ Vitamin E, Calcium နဲ့ Magnesium ဆေးတွေ
ပေးတတ်တယ်။

• Junk Food ဆိုင်မှာ အလွယ်ဝယ်ရတဲ့အစားတွေ၊
ခေတ်ပေါ်အစားအစာတွေ ရှောင်ပါ။ အိုက်စခရင်မ်၊ ချောကလက်၊ အာလူးကျော် သကြား၊
အဆီ၊ ကျော်တာတွေ မသင့်ပါ။

Dr. တင့်ဆွေ
၁၈-၃-၂ဝ၁၂
Read more...
Posted by Dr. Tint Swe at 2:27 AM
Email ThisBlogThis!Share to TwitterShare to Facebook
Saturday, March 17, 2012
Cervical Cancer New Guidelines သားအိမ်အဝ-ကင်ဆာ ဆေးစစ်ခြင်း အသစ်ပြဌာန်းချက်
(သားအိမ်ခေါင်း) သားအိမ်အဝ-ကင်ဆာ ဆေးစစ်တာကို အရင်ကပြောသလောက် တခါနဲ့တခါ
နီးကပ်စရာမလိုပါလို့ ၂ဝ၁၂ မတ်လမှာ ထုတ်ပြန်ချက်အသစ်တခု ထွက်လာပါတယ်။
တိတိကျကျပြောရရင် အသက် ၃ဝ နဲ့ ၆၅ နှစ်ကြား အမျိုးသမီးမှာ Pap Test နဲ့
HPV Test တွေက ကောင်းနေရင် အရင်ကလို ၃ နှစ်တခါ မဟုတ်တော့ဘဲ၊ ၅
နှစ်မှသာတခါ စစ်ဘို့ လိုပါမယ်။

• ဒီသတင်းထဲက HPV ဆိုတာ Human Papillomavirus ကြွက်နို့ဖြစ်စေတတ်တဲ့
ဗိုင်းရပ်စ် ကိုပြောတာပါ။ တကယ်လို့ Pap test တခုထဲသာ အားကိုးသူဆိုရင်တော့
၂ဝဝ၃ ကတည်းကပြဌာန်းထားခဲ့သလိုဘဲ၊ ၃ နှစ်တခါ ဆေးစစ်ရပါမယ်။
• အရင် USPSTF guidelines လမ်းညွှန်ချက်အရ အမျိုးသမီးတိုင်း အသက် ၂၁
နှစ်ရောက်ရင် ဒါမှမဟုတ် လိင်မှုကိစ္စ တက်ကြွလာတဲ့အသက်နောက် ၃ နှစ်အတွင်း
(ဘယ်ရက်က စောစော) သားအိမ်အဝ-ကင်ဆာ အတွက် ဆေးစစ်ဘို့ ဖြစ်တယ်။
• ကံကောင်းတာက အသက် ၂ဝ ကျော်စ မိန်းကလေးတွေမှာ HPV infections
ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပေမဲ့ ဆေးမကုဘဲလဲ ပျောက်သွားနိုင်ကြတယ်။
• အသက် ၆၅ နှစ်ကျော်ရင် နောက်ဆုံး စမ်းတုံးက Pap tests ၃ ခါဆက်တိုက်၊ HPV
tests ၂ ခါဆက်တိုက် အနုတ်ပြတယ်တိုရင် နောက်ထပ် ၁ဝ နှစ်အတွင်းမှာ
ဆေးစစ်စရာ မလိုတော့ပါ။
• အမျိုးသမီးကြီးတွေမှာ Advanced precancer ကင်ဆာ-မဖြစ်ခင်အဆင့်လို့
ဆေး-ရာဇဝင် ရှိထားရင်တော့ အနှစ် ၂ဝ ကြာ ဆေးဆက်စစ်ရပါမယ်။
• တကယ်လို့ သားအိမ်ထုတ်တုံးက သားအိမ်အဝကိုပါ ထုတ်ထားရသူဆိုရင်၊ နောက်ပြီး
ဆေးစစ်ချက်တွေကလဲ ရှင်းနေသူဆိုရင်တော့ ဆေးစစ်ဘို့ မလိုတော့ပါ။
• လမ်းညွှန်ချက်ထဲမှာ အရင်က Cervical cancer ဖြစ်ဘူးရင်၊ ဒါမှမဟုတ်
Diethylstilbestrol (DES) (အီစထိုဂျင်) ဆေး ရဘူးထားရင်၊ ဒါမှမဟုတ် HIV
ခုခံအားကျနေသူဖြစ်ရင် ဆေးစစ်တာ ပိုနီးကပ်ရပါမယ်။

Cervical Cancer သားအိမ်အဝ-ကင်ဆာ ဆိုတာ
(သားအိမ်ခေါင်း) လို့လဲခေါ်တယ်။ သားအိမ်အဝမှာရှိတဲ့ (ဆဲလ်) လေးတွေက
ပုံမှန်မဟုတ် ဖြစ်လာတာ၊ ဘေးပြန့်လာတာကို ခေါ်တယ်။ စောစောသိပြီး ဆေးကုသရင်
အလွန် သက်သာရာ ရတယ်။ ပျောက်အောင် ကုနိုင်တယ်လို့တောင် ပြောနိုင်တယ်။

Symptoms ရောဂါလက္ခဏာတွေ
• Unusual vaginal discharge ဗဂျိုင်းနားကနေ တခုခုဆင်းမယ်၊
• Vaginal bleeding between periods ကြားရက်သွေးဆင်းမယ်၊
• Bleeding after menopause သွေးဆုံးပြီးတာ မှန်ပေမဲ့ သွေးဆင်းလာမယ်၊
• Bleeding or pain during sex လိင်ဆက်ဆံစဉ်မှာ နာစရာမဟုတ်ဘဲ နာမယ်၊ သွေးဆင်းမယ်၊

Top Cause အများဆုံးဖြစ်စေနိုင်တဲ့ တရားခံ
Human papillomavirus (HPV) ခေါ်တဲ့ ဗိုင်းရပ်စ် အုပ်စုဖြစ်တယ်။
အမျိုးအစား ခိုးသား ၄ဝ ရှိတယ်။ တချို့က ပိုဖြစ်စေနိုင်တယ်။ Genital HPV
infections လိင်လမ်းကို ဒီပိုးမျိုးဝဝင်ပေမဲ့ အများအားဖြင့်
သူ့ဖါသူပျောက်နိုင်ပါတယ်။ မပျောက်ဘဲ နာတာရှည်ဖြစ်လာရင်တော့ သားအိမ်အဝက
(ဆဲလ်) တွေ မူပြောင်းလာမယ်။ ဒါကနေ ကင်ဆာဖြစ်လာနိုင်တယ်။ ၉ဝ% သော
သားအိမ်အဝ-ကင်ဆာက ဒါကနေဖြစ်တယ်။

HPV Symptoms ပိုးဝင်တဲ့ လက္ခဏာတွေ
ပိုးဝင်တာခံရပေမဲ့ ဘာမှမဖြစ်သလိုနေနိုင်တယ်။ သူ့အလိုလိုလဲ
ပျောက်နိုင်တယ်။ တချိုကအမျိုးအစားတွေက Genital warts
လိင်လမ်း-ရေယုံဖြစ်စေတယ်။ ဒီအမျိုးအစားတွေက ကင်ဆာ ဖြစ်စေတာတွေနဲ့
မတူကြပါ။ လိင်လမ်း-ရေယုံကနေလဲ aq;rukayrJh ကင်ဆာကိုပြောင်းမသွားစေပါ။
ဘာမှ ဒုက္ခမပေးသေးတဲ့ အကောင်တွေကသာ ကင်ဆာဖြစ်လာစေနိုင်တယ်။ အဲလိုရှိနေတာ
နှစ်တွေနဲ့ကြာနေနိုင်တယ်။

Risk for HPV ဘယ်လိုလူတွေမှာ အန္တရာယ်ရှိသလဲ
ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် လိင်ဆက်ဆက်မှုရှိသူတွေမှာသာ
ပိုအဖြစ်များတယ်။ လိင်ဆက်ဆံရာကနေ တချိန်ချိန်မှာ တယောက်ယောက်ဆီကနေ
ပိုးကူးစက်လာတာ ခံရနိုင်တယ်။ ဘာမှခံစားနေရတာ မဟုတ်ပေမဲ့ သူများကိုတော့
ကူးစက်စေနိုင်တယ်။ Condoms (ကွန်ဒွမ်) သုံးတာက အများကြီး အခွင့်အလမ်း
နည်းစေတယ်။ လုံးဝ မကူးဘူးတော့ မပြောနိုင်ပါ။ HPV ပိုးတွေဟာ
သားအိမ်အဝသာမက၊ Vagina ဗဂျိုင်းနား = မွေးလမ်းကြောင်း၊ Vulva
မိန်းမကိုယ်၊ Penis ယောက်ျား လိင်အင်္ဂါ၊ ယောက်ျား-မိန်းမ စအိုနဲ့
ခံတွင်း-ကင်ဆာတွေလဲ ဖြစ်စေနိုင်သေးတယ်။

How HPV Causes Cervical Cancer ဒီပိုးကနေ ကင်ဆာ ဘယ်လိုဖြစ်လာသလဲ
ကင်ဆာဖြစ်စေဘို့ များတဲ့ပိုးအမျိုးအစား ကူးစက်တာခံထားရရင် ကိုယ်ထဲမှာ
အကြီးနေရာကနေ သားအိမ်အဝမှာ ရှိကြတဲ့ (ဆဲလ်) လေးတွေကို
မူ-ပုံစံပြောင်းစေမယ်။ ဒီအဆင့်ကို Precancerous changes
ကင်ဆာမဖြစ်ခင်ပြောင်းလဲမှုလို့ ခေါ်တယ်။ ကင်ဆာလူနာ မဟုတ်ပါ။ ကြာလာရင်တော့
Cancer cells ကင်ဆာ-ဆဲလ်တွေ ဖြစ်လာချင် ဖြစ်လာနိုင်တယ်။
ဘေးကိုပြန့်လာမယ်။

Risk ဖြစ်နိုင်ခြေများသူတွေ
• Hispanic and African-American women အဖြူမဟုတ်တဲ့ အမျိုးသမီးတွေ၊
• Smokers ဆေးလိပ်သောက်သူတွေ၊
• Have many children ကလေးမွေး များသူတွေ၊
• Use birth control pills for a long time ကိုယ်ဝန်တားဆေး နှစ်ရှည်လများ
သုံးသူတွေ၊
• HIV positive ခုခံအားကျဆင်းနေသူတွေ။

Pap Test (ပက်ပ်-တက်စ်) ဆိုတာ
အလွန်အောင်မြင်တဲ့ စမ်းသပ်နည်းတခုဖြစ်တယ်။ အစမ်းခံရတာ မနာဘူး။
ထုံဆေးသုံးပါတယ်။ သားအိမ်အဝကို ဂွမ်းစလေးနဲ့သုတ်ယူတာသာ ဖြစ်တယ်။

Pap Test Abnormal မကောင်းဘူးဆိုတာ
မကောင်းတာလေး နဲနဲတွေ့တယ်လို့ဆိုရင် ဆေးထပ်စစ်ရမယ်။ လိုအပ်ရင် Colposcopy
ကရိယာနဲ့ကြည့်မယ်။ လိုသေးရင် Biopsy အသားစလေးဖြတ်ယူပြီး စစ်မယ်။
Precancerous abnormal cells တွေ့နေရင် ထုတ်ပြစ်ပေးမယ်။ ဖျက်ဆီးပေးမယ်။

Early Detection စောစောသိဘို့
တခါတလေ Pap test သာမကဘဲ HPV DNA Test ကိုလည်းလုပ်မယ်။ High-risk forms of
HPV ပိုးအမျိုးအစားကို ခွဲခြားတာ ဖြစ်တယ်။ ကင်ဆာဖြစ်စေတဲ့ အကောင်လား
သိချင်လို့ပါ။ အသက်မငယ်သူတွေကို လုပ်တာများတယ်။ Pap test က
မူမှန်တာတွေလို့လဲ အရွယ်ငယ်ငယ်-ကြီးကြီး လုပ်မယ်။

Biopsy (ဘိုင်အော့ပ်စီ)
အသားစ ဖြတ်ယူစစ်ဆေးနည်းနဲ့ ရောဂါကို သေခြာစေရတယ်။ Cervical tissue
သားအိမ်အဝက (တစ်ရှူးစ) ကိုစစ်တာပါ။ ပုံမှန် (ဆဲလ်) တွေလား၊ Precancerous
cells ကင်ဆာမဖြစ်ခင် (ဆဲလ်) တွေလား၊ Cancer cells ကင်ဆာ-ဆဲလ်တွေလား
မှန်ဘီလူးနဲ့ စစ်တယ်။ မေ့ဆေးလိုတယ်။

Stages of Cervical Cancer ကင်ဆာ အဆင့်များ
1. Stage 0 ကင်ဆာ-ဆဲလ်တွေက သားအိမ်အဝ မျက်နှာပြင်မှာသာရှိနေသေးချိန်၊
2. Stage I ကင်ဆာ-ဆဲလ်တွေက သားအိမ်အဝကနေ ဘေး-တခြားမရောက်သေးချိန်၊
3. Stage II ကင်ဆာ-ဆဲလ်တွေက ဗဂျိုင်းနား အပေါ်ပိုင်းအထိသာရောက်သေးချိန်၊
4. Stage III ကင်ဆာ-ဆဲလ်တွေက ဗဂျိုင်းနားအောက်ပိုင်းရောက်ပြီ
ဆီးလမ်းကိုလဲ ပိတ်ချင်ပိတ်လာချိန်၊
5. Stage IV ဆီးအိမ်၊ အစာဟောင်းအိမ်၊ တခြားနေရာတွေအထိရောက်နေချိန်။

Surgery ခွဲစိတ်ကုသနည်း
Stage II ထက်မကျော်သေးရင် ခွဲစိတ်မယ်။ Hysterectomy သားအိမ်နဲ့တခါတည်း
သားအိမ်အဝကိုပါ ထုတ်ပြစ်မယ်။ ဘေးနားက ထုတ်သင့်တာတွေလဲ ထုတ်မယ်။ ဥပမာ
သားအိမ်ပြွန်၊ မျိုးဥအိမ်၊ (လင့်ဖ်-နုတ်) တက်စေ့တွေ။

Radiation ဓါတ်ကင်ခြင်း
External radiation therapy ခေါ်တယ်။ High-energy X-rays
ပြင်းအားများတာသုံးတယ်။ ကင်ဆာ-ဆဲလ်တွေကို သေစေတယ်။ ခွဲစိတ်တုံးက
မမြင်နိုင်လို့ ကျန်နေတာရှိရင်လဲ သေစေမယ်။ Internal radiation နည်းကို
Brachytherapy ခေါ်တယ်။ ရေဒီယိုသတ္တိကြွပစ္စည်းကို ကင်ဆာနေရာမှာ ထည့်ပေးနည်း
ဖြစ်တယ်။ များသောအားဖြင့် ဓါတ်ကင်နည်းနဲ့ ဆေးပေးကုသနည်း တွဲလုပ်ပေးတယ်။
ဆေးအပြင်းတွေကြောင့် သွေးဖြူဥနည်းတာ၊ မောပန်းတာ၊ အစာမကျေတာ၊ ပျို့-အန်တာ၊
ဝမ်းပျက်တာတွေ ဖြစ်စေနိုင်တယ်။

Chemotherapy ဆေးပေးကုသနည်း
ဆေးကြောင့် တကိုယ်လုံးမှာ ရောက်နေသမျှ ကင်ဆာ-ဆဲလ်တွေကို
သက်ရောက်စေနိုင်တယ်။ ပြန့်နေတဲ့အဆင့်အတွက် အသုံးကျတယ်။ မောပန်းတာ၊
ဆံပင်ကျွတ်တာ၊ သွေးယိုလွယ်တာ။ ပျို့-အန်တာ၊ အစားပျက်တာတွေ
ဖြစ်စေနိုင်တယ်။

Coping With Cancer Treatments
ကင်ဆာဖြစ်နေလို့ကုသတာကနေ လူကိုတော့ ပင်ပန်းနွမ်းနယ်စေမှာ အမှန်ပါ။
ဒါပေမဲ့ အဆိုးကြီးအတွက် ဒိလောက်မဆိုးတာနဲ့ လဲရတာ ကောင်းစေပါတယ်။
အစာအာဟာရပြည့်ဝ-မျှတအောင်စားပါ။ လူကလဲ တတ်စွမ်းသလောက် တက်ကြွမှုရှိနေပါစေ။
သက်တောင့်သက်သာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။
Cervical Cancer and Fertility
သားအိမ်-ကင်ဆာကို ဆေးကုရတာကနေ ကလေးမရစေတာဖြစ်စေနိုင်တယ်။ ဒါပေမဲ့
စောစောသိလို့ ဆေးသေခြာကုသရင် တချိန်မှာ ကိုယ်ဝန်ဆောင်နိုင်ပါသေးတယ်။

Survival Rates for Cervical Cancer ဘယ်လောက်ကြာကြာ ကောင်းနေမှာလဲ
စောစောသိတာ၊ ဆေးကုသနည်းတွေအပေါ် မူတည်တယ်။ ကိုယ်ခံအားအပေါ်လဲ မူတည်တယ်။ ၁၅%
ကနေ ၉၃% အထိ ၅ နှစ်သက်တမ်းရှိတယ်လို့ လေ့လာမှုတွေကဆိုတယ်။
ဒီကိန်းဂဏန်းတွေက ၂ဝဝဝ နဲ့ ၂ဝဝ၃ တုံးကရထားတာမို့ နောက်ပိုင်းမှာ
ပိုကောင်းစရာသာရှိပါတယ်။ တယောက်နဲ့တယောက် မတူတာကို ကံတရားလို့ပြောရင်
မှန်ပါတယ်။

Cervical Cancer Vaccine ကာကွယ်ဆေး
Cervarix နဲ့ Gardasil ဆိုပြီး ကာကွယ်ဆေး ၂ မျိုးရှိနေပြီ။ ၆ လအတွင်း ၃
ခါထိုးရမယ်။ သားအိမ်အဝ-ကင်ဆာကို ၇ဝ% ကာကွယ်နိုင်တယ်။ Gardasil ဆေးက
Genital warts ကိုဖြစ်စေတဲ့ ပိုး ၂ မျိုးကိုပါ ကာကွယ်နိုင်တယ်။
ကာကွယ်ဆေးကို အသက် ၁၁-၁၂ နှစ်သမီးအရွယ်ကတည်းက ထိုးဘို့ CDC က
အကြံပြုထားတယ်။ ငယ်တုံးက မထိုးရသေးရင် ၁၃ နှစ်ကနေ ၂၆ နှစ်အထိလဲ
ထိုးသင့်ပါတယ်။

Dr. တင့်ဆွေ
၁၇-၃-၂ဝ၁၂
Read more...
Posted by Dr. Tint Swe at 12:29 AM
Email ThisBlogThis!Share to TwitterShare to Facebook
Friday, March 16, 2012
How to Use a Male Condom ယောက်ျားသုံး (ကွန်ဒွမ်)
ကိုယ်ဝန်တားနည်း အများကြီးရှိတဲ့အထဲက ပေါ်ပြူလာ အဖြစ်ဆုံးဟာ
ယောက်ျားသုံး-ကွန်ဒွမ် ဖြစ်တယ်။ ဈေးလဲမကြီး၊ ရှာလို့လဲ လွယ်တယ်။
ကိုယ်ဝန်တားဘို့သာ မဟုတ်ပါ၊ လိင်ကတဆင့် ကူးစက်ရောဂါတွေကိုပါ
ကာကွယ်နိုင်တယ်။ ဥပမာ AIDS and herpes ခုခံအားကျဆင်းရောဂါ နဲ့
လိင်လမ်း-ရေယုံ။ ဒီရည်ရွယ်ချက် ၂ ခုအတွက် အသေအခြာတော့ သုံးတတ်ဘို့
လိုပါမယ်။ တခုကို တခါတည်းအတွက်သာ သုံးရမယ်။ Latex (လေးတက်စ်) ရာဘာနဲ့
လုပ်တာကိုသာ သုံးပါ။

• Before Sex ဆက်ဆံတာမတိုင်ခင်
ကိုယ့်အဖေါ်ကို ကြိုတင်ပြောထားပါ။ (ကွန်ဒွမ်) အပိုဆောင်ထားပါ။
ကာရံမသင့်ရင် (ကွန်ဒွမ်) ပေါက်ပြဲတာ ဖြစ်တတ်တယ်။ တကြိမ်ထဲမကတဲ့
ဆက်ဆံမှုအတွက်လဲ (ကွန်ဒွမ်) အပို လိုသေးတယ်။ တခါမှ မသုံးဘူးရင်
မတည့်ဖြစ်တတ်တာလဲ သတိထားပါ။

• Preparing for Sex ပြင်ဆင်မှု
ယောက်ျားရဲ့ လိင်အင်္ဂါက မိန်းမရဲ့ လိင်အင်္ဂါနဲ့ လုံးဝမထိတွေ့မီကတည်းက
(ကွန်ဒွမ်) ကို စွပ်ရမယ်။ (ကွန်ဒွမ်) အသစ် အထုပ်ကို ဖေါက်ပါ။
အထဲက(ကွန်ဒွမ်) ကို စုပ်ပြဲမသွားအောင် အောက်မကျအောင် သတိထားပါ။
အရင်းပိုင်း စက်ဝိုင်းကွင်းလေးကနေစပြီး စွပ်ပါ။ ထိပ်ဖျားနေရာမှာ
အသီးလေးလိုရှိတာ တွေ့ပါမယ်။ ဒါကိုထိကိုင်စရာ မလိုပါ။ ပုံစံပေါ်အောင်
မစွပ်ခင် ဆွဲဆန့်ဘို့ လုပ်ချင် လုပ်နိုင်တယ်။ အရင်းက ကွင်းကိုသာ
လက်ချောင်းသုံးပြီး သန်မာမှု အတိုင်းအတာတခုထိရှိနေမဲ့ ကျားလိင်အင်္ဂါကို
အပေါ်ကနေ ဖုံးအုပ်ပေးသလို အရင်းဘက်ဆီ ဆွဲပြီးစွပ်ပါ။ ထိပ်ဖျားမှာ
လေအောင်းမနေတာ ကောင်းတယ်။ အတွင်း-အပြင် မှန်မှသာ အဆင်ပြေပြေ
ဆွဲဖုံးနိုင်တယ်။ တကယ်လို့ ပိုးရှိနေနိုင်သူ ယောက်ျားဟာ
အတွင်း-အပြင်မှားစွပ်တာဆိုရင် နောက် အသစ်တခုလဲပြီး မှန်မှန်ကန်ကန်စွပ်ပါ။
စွပ်ပြီးချိန်မှာ ထိပ်ဖျားက အသီးလေးဖြစ်နေပါစေ။ ဒါမှ ထွက်လာမဲ့ သုက်ရည်
နေစရာရမယ်။ တကယ်လို့ ပန်းအဖျားဖြတ်ဘို့လိုသူက မဖြတ်ရသေးရင် ပန်းအဖျားက
အရေပြားကို ဆွဲလှန်ပြီးမှ (ကွန်ဒွမ်) စွပ်ပါ။ (ကွန်ဒွမ်) ကို
ဆက်ဆံမှုပြုနေချိန်တလျှောက်လုံး မချွတ်ပါနဲ့။ သုက်ရည်ထွက်လို့
ကိစ္ဓပြီးမှသာ ချွတ်ရမယ်။

• During Sex ဆက်ဆံနေချိန်
ဘယ်သူအတွက်သုံးတာဖြစ်ဖြစ် ချောဆီလိုမယ်ဆိုရင် Water-based lubricants
အမျိုးအစားကိုသာသုံးပါ။ ဥပမာ KY Jelly နဲ့ Astroglide တွေဖြစ်တယ်။
တခြားဆီတွေက ဥပမာ ဆီ-ဓါတ်ဆီပါတဲ့ Creams, Mineral oil, Vaseline
petroleum jelly, Baby oil, Body and Massage lotions တွေက (ကွန်ဒွမ်)
ပေါက်သွားစေနိုင်တယ်။ Plastic condoms အမျိုးအစား သုံးတာဆိုရင်တော့
ဘယ်ချောဆီဖြစ်ဖြစ် သုံးလို့ရတယ်။ ဆက်ဆံနေတုံး (ကွန်ဒွမ်) ပေါက်ပြဲတာ၊
ကျွတ်သွားတာဖြစ်ရင် (ကွန်ဒွမ်) အသစ်တခုသုံးပါ။ ဆက်ဆံနည်းလမ်း တမျိုးအတွက်
တခုသုံးပါ။ ဥပမာ (ဗဂျိုင်းနား) လမ်း၊ စအိုလမ်း။ ဆက်ဆံတာပြီးရင်
(ကွန်ဒွမ်) ကို အသေအခြာ ချွတ်ပါ။ အရင်းနေရာကနေကိုင်ပါ။ ကျား-လိင်အင်္ဂါ
လုံးဝပျော့ မသွားခင်မှာ ချွတ်ပါ။ အထဲက သုက်ရည် လုံးဝထွက်မကျစေပါနဲ့။

• After Sex ဆက်ဆံအပြီး
သုံးလိုက်တဲ့ (ကွန်ဒွမ်) ပေါက်ပြဲတာရှိ-မရှိစစ်ဆေးပါ။ အချိန်တခုခုမှာ
ကျွတ်တာ၊ ပြဲတာ၊ အသစ်လဲရတာ စသဖြင့်ရှိခဲ့ရင် ကိုယ်ဝန်အတွက် နဲ့
ရောဂါအတွက် ဖြစ်နိုင်ခြေကို အဖေါ်နဲ့ တိုင်ပင်ပါ။ လိုအပ်ရင် ဆရာဝန်မေးပါ။
ကိုယ်ဝန်အတွက်ဆို အရေးပေါ်တားနည်း လိုချင်လိုမယ်။ ဥပမာ Emergency pills
အရေးပေါ်တားဆေး၊ Spermicide သုက်ပိုးသေဆေး။ ရောဂါကာကွယ်ရေးအတွက်
လိင်လမ်းနေရာတွေကို ဆပ်ပြာနဲ့ဆေးပါ။ သုံးပြီးသား (ကွန်ဒွမ်) ကို
(တစ်ရှူး) နဲ့ဖြစ်ဖြစ် (ပလပ်စတစ်) အိတ်နဲ့ဖြစ်ဖြစ် ထည့်-ကိုင်ပါ။ ကလေးတွေ
တိရစ္ဆာန်တွေ မရောက်နိုင်တဲ့နေရာမှာသာ စွန့်ပြစ်ပါ။ ရေအိမ်သာခွက်မှာ
မစွန့်ပါနဲ့။

• Storing Condoms ဘယ်လို ထားသိုမလဲ
(ကွန်ဒွမ်) တွေကို အေးပြီး ခြောက်သွေ့ရာမှာ သိမ်းထားပါ။ ပိုက်ဆံအိပ်ထဲ၊
ကားထဲက ပူနိုင်တာသတိပြုပါ။ ပိုက်ဆံအိပ်က အဆင်ပြေတတ်တော့ အသုံးများတယ်။
အကြာကြီး ထည့်မထားပါနဲ့။ လေသလပ်ပေးပါ။ (ကွန်ဒွမ်) သက်တမ်းကုန်နေ့စွဲ
သတိထားပါ။

• Effectiveness ထိရောက်မှု
စနစ်တကျ၊ မပြတ်တမ်းသုံးကြတဲ့ အတွဲတွေမှာ လေ့လာတော့ ပဌမတနှစ်အတွင်း
ထိရောက်မှု မရှိတဲ့နှုန်း ၃% အထိရှိတယ်။ တကယ်တန်းဆိုရင် ၁၄%
အထိရှိနိုင်တယ်။ ၆့၇% ပေါက်ပြဲနိုင်တယ်။ ၁၂% ဆက်ဆံနေရင်း
ကျွတ်သွားနိုင်တယ်။

Dr. တင့်ဆွေ
၁၇-၃-၂ဝ၁၂
Read more...
Posted by Dr. Tint Swe at 11:37 AM
Email ThisBlogThis!Share to TwitterShare to Facebook
Q and A Over 18 Readings (36)
1. (ကွန်ဒွမ်) က လုံခြုံနိုင်သလား။
2. သူငယ်ချင်း ၅ ယောက် ရေသွားကူးတုံးက ပြိုင်ဆော့တော့
3. ဗိုက်အောင့်ပြီး အန်တယ်၊ ဖြစ်တာကတော့ ၅ လလောက်ရှိပြီ။
4. ရောဂါဖြစ်သူကိုကော ဘယ်လိုလက္ခဏာတွေ ဖြစ်တတ်ပါလဲ။
5. ဘယ်နှစ်ရက် အကြာတွင် ကိုယ်ဝန်တားဆေး ထိုးခြင်းကို စနိုင်ပါသလဲ။
6. (Ecee2) ဆေး ထပ်သောက်ဖို့ လိုပါသလား။
7. ဆီးသွားရင် ဆန့်ငင်ဆန့်ငင် ညှစ်ထုတ်ရတာဟာ ဘာဖြစ်လို့ပါလဲ။
8. ချက်ချင်း ကလေး မယူပါဘူး။
9. ကြာလာရင် အန္တရာယ် ရှိနိုင်ပါသလား။

Mon, Mar 12, 2012 at 10:58 AM
1. (ကွန်ဒွမ်) က လုံခြုံနိုင်သလားဆရာ။ ခုသုံးပြီး ပြန်ချွတ်ပြီးနောက်
ပြန်ဝတ်ပြီး ဆက်ဆံရင် ပိုးဝင်နိုင်သလား။ တိကျတဲ့အဖြေကို
လိုချင်ပါတယ်ခင်ဗျာ။

ရောဂါရှိနေတဲ့ အမျိုးသမီးအင်္ဂါကနေထွက်တဲ့ အရည်တွေထဲမှာ ပိုးပါနေနိုင်တယ်။
အဲဒီအရည်က ကိုယ့်သွေးထဲကို တနည်းနည်းနဲ့ ဝင်မှသာ ကူးစက်မယ်။
ကိုယ့်သွေးဆိုတာ မမြင်ရတဲ့ အရေးအကြောင်း၊ အရှအနာတွေကနေလဲ ဝင်လာနိုင်တယ်။
(ကွန်ဒွမ်) မှာ ပေစိုနေတာက ကိုယ့်ထဲကို ဝင်ရင် ကူးနိုင်တယ်။
ဖြစ်စဉ်တခုလုံးကို ဒီကျန်းမာရေးအသိနဲ့ ဆင်ခြင်ယူပါ။ (ကွန်ဒွမ်) သုံးပေမဲ့
ကူးနိုင်တာတွေအကြောင်း၊ (ကွန်ဒွမ်) အရည်အသွေး စတာတွေလဲ ရေးထားပါတယ်။

Sun, Mar 11, 2012 at 9:43 PM
2. ကျတော့ နာမည် (့) ပါ။ (့) မှာနေပါတယ်။ လူတချို့မှာ ဖြစ်တတ်တဲ့
ပေါင်ကြားတို့ တင်ပါးတို့မှာ ဂျီးတွေနဲ့ မည်းမည်းမည်းမည်း ဖြစ်နေတာကို
ဘယ်လိုဆေး ဒါမှမဟုတ် ဘယ်လို ဆပ်ပြာနဲ့ဖြေရှင်းလို့ ရသလဲ။ သူငယ်ချင်း ၅
ယောက် ရေသွားကူးတုံးက ပြိုင်ဆော့တော့ ကျတော်ရယ် ကျန်တဲ့ ဘော်ဒါ ၂
ယောက်ရယ်က အဲ့လို ဖြစ်နေတော့ နည်းနည်း ရှိတယ်ခင်ဗျ။ ကျန်တဲ့ သူငယ်ချင်း ၂
ယောက်ကတော့ ဘာမှ မပြောပါဘူး။ ဒါပေမဲ့ ကျတော်တို့ ၃ ယောက်မှာ နေရထိုင်ရတာ
ကသိကအောက်နဲ့။ ပြီးတော့ နောက် ဒါမျိုးတွေကလည်း ရှိနေတာ မကောင်းမှန်းတော့
သိပါတယ်။ ဒါပေမဲ့ ဘယ်ဆိုင်မှာ ဘယ်လိုမေးပြီး ဘာဝယ်ရမှန်း မသိတော့
မေးရတာပါခင်ဗျာ။
မေးတာကို သိပ်တော့ မရှင်းလှဘူး။ ဖြစ်နိုင်တာကို ပြောပါမယ်။
ယောက်ျားလေးတွေ အတွင်းနေရာတွေမှာ ဖြစ်တတ်တယ်။ ချွေးအောင်းတဲ့နေရာမျိုး၊
ကျားအင်္ဂါလို နေရာတွေပြောတာထင်တယ်။ လတ်တလော ရောဂါ တခုခုရှိနေရင်တော့
ထူးခြားတာ ရှိမှာပေါ့။ ဥပမာ၊ ပွေး၊ ဝဲ၊ ရေယုံ၊ ကြွက်နို့၊ ကျွတ် စတာတွေ။
တကယ်လို့ အဲဒါမျိုး အရင်ကဖြစ်ဘူးထားပြီး ပျောက်နေ၊ ငုပ်နေတာဆိုရင် အရောင်
ပြောင်းနေတာဖြစ်နေနိုင်တယ်။ အနာဆိုတာ ပျောက်ပေမဲ့ နဂိုအနေကို တော်တော်နဲ့
ပြန်မရောက်သေးဘူး။ တချို့ရောဂါမျိုးဆိုရင် နဂိုအနေကို ပြန်မရောက်တော့ဘူး။
အမာရွတ်သဘောမို့ ပိုအရောင်ရင့်နေမယ်။ ပိုထူနေမယ်။ အဲလိုနေရာတွေက
လေသလပ်တာနည်းလို့ ပြန်ပြီး ရင်းစားရအောင် ပိုပြီး အချိန်ယူနိုင်တယ်။
ယောက်ျားလေးတွေက မိန်းကလေးတွေလောက် ကိုယ့်ကိုယ်ကို အလှအပနေရာမျာ
သိပ်ဂရူမစိုက်ကြတာလဲ ရှိသေးတာပေါ့။
ဖြစ်နေသူတွေမျာ လက်ငင်းရောဂါမရှိဘဲ အမာရွတ်သဘောကနေဖြစ်တာဆိုရင် အချိန်ကလဲ
ကုစားပေးနိုင်တယ်။ သန့်ရှင်းရေး ပိုဂရုစိုက်ပေးပါ။ လေသလပ်တာ ပိုရပါစေ။
အတွင်းခံကို ခြည်ထည်သာသုံးပါ။ အများသုံး အရေပြားလှဆေး တမျိုးမျိုး
လိမ်းနိုင်တယ်။ ဆန်းတာတွေ မလုပ်ပါနဲ့။ ကုပ်တာ မကောင်းပါ။ ယားတာရှိရင်
Calamine lotion လိမ်းနိုင်တယ်။ မြန်မာ သနပ်ခါးလဲ ကောင်းတာဘဲ။
အရေပြားကောင်းစေတာထဲမှာ ဗီတာမင် စီ နဲ့ အေ လဲပါတယ်။< ပွေး၊ ဝဲ၊ ရေယုံ၊
ကြွက်နို့၊ ကျွတ် စတာတွေရှိနေတုံးဆိုရင် သူ့ဆေးနည်းတွေ အတိုင်းကုသပါ။
အားလုံးကို ရေးထားပါတယ်။ သိချင်တာ ရှာမတွေ့ရင်ပြောပါ။

Mon, Mar 12, 2012 at 11:19 AM
3. အသက် ၈ နှစ် ကျား။ မောင် (့)။ စက်မှုကွတ်သစ် ပြည်မြို့
ပဲခူးတိုင်း-အနောက်။ ၁။ ဗိုက်အောင့်ပြီး အန်တယ်၊ ဖြစ်တာကတော့ ၅
လလောက်ရှိပြီ။ ပါရဂူတွေနဲ့ပြတယ်။ အစာအိမ် ဂက်စတစ်လို့ ပြောပါတယ်။
ပြင်းပြင်းထန်ထန် အောင့်ပြီး အန်တဲ့ခါသွေးပါတယ်။ ၂။ ညွှန်ကြားသော
ဆေးသောက်သော်လဲ အစာနဲနဲများတာနဲ့ အောင့်ပါတယ်။ အန်တယ်။
အစာစားချင်စိတ်ရှိပေမဲ့ ချိန်ကျွေးနေရပါတယ်။ ၃။ အစာအိမ်ကြောင့်
ဟုတ်-မဟုတ်။ အစာအိမ်နာ ဆိုရင်လဲ မည့်သည့်ဆေးကို ရေရှည် စွဲသောက်သင့်သည်၊
မည်သို့ ကုသသင့်သည်ကို သိရှိလိုပါသည်။

(အာလ်ထွာဆောင်း)၊ ဓါတ်မှန်ရိုက်သလား။ အဖြေရေးထားတာ သိရင်ပြောပါ။ ဆေးစာမှာ
ရောဂါနာမည်ရေးထား ဖတ်လို့ရသလား။ စာလုံးပေါင်းသိရင် ပြောပါ။ ဘယ်ဆေးတွေ
သောက်နေရလဲ သိရင်ပြောပါ။ အစာစားပြီး ဘယ်လောက် အကြာမှာ အန်လေ့ရှိသလဲ။ ၁ဝ
မိနစ်၊ တနာရီ။ အန်တာထဲမှာ ဘာပါသလဲ။ ဥပမာ အရည်အစာ။ အန်ရင် လျှာမှာ ဘယ်လို
အရသာရှိလဲ။ ဥပမာ ချဉ်၊ ခါး။ သွေးက ဘာအရောင်လဲ။ အညို၊ အနီ။
သွေးဘယ်လောက်အထိ များသလဲ။ ဥပမာ ဆီးစေ့၊ ကြက်ဥလောက်။ ဗိုက်နာပုံ၊ နာနည်း
ပြောတတ်ရင် ပြောပါ။ စုးရှ၊ ပူ၊ ထိုးအောင့်။ ရစ်နာ။

Wed, Mar 14, 2012 at 12:58 AM
4. ကျွန်တော် လိင်နောက်ဆုံးဆက်ဆံဖြစ်ခဲ့တာ သုံးနှစ်ကျော်တော့ရှိပါပြီ။
ဒါပေမဲ့ ဥပမာ ဆေးစစ်မယ်တို့ ဘာတို့ဆိုရင် ထိတ်လန့်နေမိတာတော့ အမှန်ပါပဲ။
ဒါပေမဲ့ ကျွန်တော် ကွန်ဒွမ်တာ့ အမြဲတမ်းသုံးပါတယ်။ တချို့တွေက ပြောကြတယ်
စဖြစ်ပြီး ၆ လအတွင်းမှာပဲ လက္ခဏာပြတယ်တို့ပေါ့။ သုံးနှစ်တောင်ကြာသွားပြီပဲ
မဖြစ်လောက်တော့ပါဘူးတို့ပေါ့။ အဲ့ဒါကော ဟုတ်ပါလား။ နောက်ပြီး
ရောဂါဖြစ်သူကိုကော ဘယ်လိုလက္ခဏာတွေ ဖြစ်တတ်ပါလဲ။
• HIV Tests (1) စမ်းသပ်နည်းများ
• HIV Opportunistic infections အခွင့်ကောင်းယူပြီး ကူးစက်လာတဲ့ ရောဂါတွေ
http://dts-medicaleducation.blogspot.com/2011/11/hiv-opportunistic-infections.html
• HIV Summary (အိတ်ခ်ျအိုင်ဗွီ) အတိုချုပ်
http://dts-medicaleducation.blogspot.com/2011/11/hiv-summary.html

Wed, Mar 14, 2012 at 9:07 AM
5. ကိုယ်ဝန်ကို ဆေးသုံးဖျက်ချပြီး ဘယ်နှစ်ရက် အကြာမှာ တူတူနေလို့ ရပါသလဲ။
ဘယ်နှစ်ရက် အကြာတွင် ကိုယ်ဝန်တားဆေး ထိုးခြင်းကို စနိုင်ပါသလဲ။
ကိုယ်ဝန်ပျက်ပြီး၊ ဖျက်ပြီးသွေးဆင်းတာကို ရာသီလာတယ်လို့ သဘောထားပြီး
တားဆေး-တားနည်းလုပ်ရပါမယ်။ ဥပမာ ချက်ချင်း တားဆေးသောက်ရမယ်။
ဆေးထိုးနည်းလဲ အတူတူဘဲ။ အတူနေတာကတော့ ထူးပြီးဆင်ခြင်စရာ မရှိသလောက်ပါ။
သန့်ရှင်းရေးကြည့်ပါ။ မိန်းကလေး ကိုယ်ပူနေ-မနေကြည့်ပါ။ နာနေ-မနေကြည့်ပါ။
ဒါကလွဲရင် နေနိုင်ပါတယ်။
• Depo Provera သုံးလခံ ထိုးဆေး
http://health-adult-reading.blogspot.com/2011/04/depo-provera.html
• Medical abortion (1) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၁)
• Medical abortion (2) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၂)
• Medical abortion (3) ကိုယ်ဝန်ကို ဆေးသုံး ဖျက်ခြင်း (၃)

Wed, Mar 14, 2012 at 2:47 PM
6. သမီးအသက်၂၅ နှစ်ထဲရောက်ပါပြီ။ သမီး အိမ်ထောင်မကျသေးပါဘူး။ သမီးမှာ
ချစ်သူရှိပါတယ်။ သမီးချစ်သူနဲ့ ဒီလ ၇ ရက်နေ့မှာ လိင်ဆက်ဆံမိပါတယ်။
ဆက်ဆံပြီး Ecee2 ကို သမီးသောက်ပါတယ်။ ရာသီက ပြီးခဲ့တဲ့လ ၂၉ ရက်က လာပါတယ်။
အခုလ ၁၄ ရက်နေ့မှာ ရာသီထပ်လာပါတယ်။ သူနဲ့သမီး ဒီလမှာ တူတူထပ်ဆက်ဆံတဲ့အခါ
(Ecee2) ဆေး ထပ်သောက်ဖို့ လိုပါသလား။
အရေးပေါ်တားဆေးမှန်သမျှ ဆေးမသောက်ခင်က ဆက်ဆံခဲ့တာတွေကိုသာ ကာကွယ်တယ်။
ဒိနောက် စိတ်မချရတဲ့ရက်နဲ့ တခြားတားနည်းမရှိရင် ပုံမှန်နည်းဖြစ်ဖြစ်၊
အရေးပေါ်နည်းဖြစ်ဖြစ် ထပ်လိုပါတယ်။
• Emergency တားဆေးတားနည်း အရေးကြီးမှ သုံးရတယ်

Thu, Mar 15, 2012 at 5:25 PM
7. ကျွန်တော့် အသက် ၂၆ နှစ် ရှိပါပြီ။ အိမ်ထောင်မပြုရသေးပါဘူး။
ငယ်ငယ်ကထဲက ဆီးသွားချင်လာပြီဆိုရင် လိင်တံ တောင့်တင်းလာပါတယ်။ ပြီးတော့
မိုးထောင်နေပါတယ်။ အခုတော့ တစ်ခါတစ်လေမှ တောင့်တင်းပါတော့တယ်။
အဲဒီအချိန်မှာ ဆီးတန်းသွားချင်သွား မသွားဖြစ်လို့ ဆီးအောင့်ထားမိရင်
ဆီးသွားတဲ့အခါမှာ ဆက်တိုက် တောက်လျှောက် မထွက်ပါဘူး။ ဆန့်ငင်ဆန့်ငင်နဲ့
ညစ်ထုတ်ရပါတယ်။ ဆီးကုန်သွားအောင်လည်း မနည်းညစ်ထုတ်ရပါတယ်။ ငယ်ငယ်တုံးက
အဲလိုညစ်ရင် ဆီးကုန်တယ်ထင်ရပေမယ့် အခုတော့ ဆီးအကုန်လုံးမထွက်ပဲ
နဲနဲဖြစ်ဖြစ် ကျန်တယ်လို့ ခံစားမိနေပါတယ်။
(၁) ဆီးသွားရင် ဆန့်ငင်ဆန့်ငင် ညှစ်ထုတ်ရတာဟာ ဘာဖြစ်လို့ပါလဲ။
ကုသနည်းများရှိရင် ပြောပြပေးပါ။ လိုအပ်မယ့် အချက်တွေရှိရင်လည်း
ပြောပြချင်ပါတယ်။
(၂) ဆီးအောင့်မထားတဲ့ အချိန်မှာလည်း နောက်ဆုံးပြီးခါနီးမှာ အမြဲ ညှစ်ထုတ်နေရပါတယ်။
(၃) အရွယ်ရောက်လာတဲ့ အခါမှာ ကျွန်တော့်လိင်တံဟာ ဆီးသွားချင်တဲ့အခါမှာ
လိင်တံကို လက်နဲ့ကိုင်ပြီးသွားမှ ဆီးခွက်ထဲ အတည့်ချိန်ပြီးသွားမှ ရပါတယ်။
ဒါမှမဟုတ်ရင် ဘယ်ဘက် ပေါင်ကိုပဲ ဦးတည်နေပြီး မကိုင်လို့ကတော့ ပေါင်ကိုပဲ
ပန်းမှာသေချာပါတယ်။ အဲဒီအတွက် ကုထုံးများရှိရင် ပြောပြပေးပါ။

ဒီအတိုင်းပြောရတာ မသေခြာသေးပါ။ ဆီးလမ်းလိင်လမ်း စစ်ဆေးဘို့လိုသေးပါတယ်။
ဆီးထွက်ပြွန်မှာ ကျောက်စတာ တခုခုရှိနေသလား စစ်သင့်ပါတယ်။ ဆီးထဲ
သွေးပါဘူးသလား။ ဆီးသွားတိုင် လိင်တံ တောင့်တင်းလာရသလား။
လိင်တံတောင့်တင်းမှုက လိင်စိတ်ဖြစ်ပေါ်မှုနဲ့ ဆက်စပ်ပါသလား။

Thu, Mar 15, 2012 at 1:55 PM
8. သမီးက (့) မှာနေထိုင်ပါတယ်။ ခုအသက်က ၂၇၊ အမျိုးသားက ၃၃ ပါ။
အိမ်ထောင်ကျတာ ၃ နှစ်ကျော်ပါပြီ။ အရင်ကတော့ တားဆေးစားပါတယ်။
ခုကလေးလိုချင်လို့ ဖြတ်တားတာ ၆ လလောက်တော့ ရှိပါပြီ။ ချက်ချင်း ကလေး
မယူပါဘူး။ ဆေးစားတာကြာတော့ သားအိမ်ကိုအားယူတဲ့သဘောပါ။ ရာသီက ဟိုလ ၁၁ က
လာပါတယ်။ ကလေးလဲယူဖို့ ဆုံးဖြတ်ပြီးအတူနေပါတယ်။ အဲဒါ ခုထိရာသီမလာပါဘူး။
အစာစားရင် မစားချင်ဘူး။ နဲနဲစားတာနဲ့ ဆက်စားလို့ မရတော့ဘူး။ စိတ်ထဲမှာ
ရှိနေတယ်လို့ ထင်တယ်။ ဒီမနက်စစ်ကြည့်တော့ တစ်ကြောင်းတည်း။
ဆေးခန်းသွားတော့လည်း မရှိဘူးပြောတယ်။ လာအောင် ဆေးသောက်ချင်လား မေးတယ်။
စောင့်ကြည့်ချင်သေးတယ်။ တကယ်လို့များ ဆိုတဲ့အတွေးနဲ့။ အဲဒါ
သမီးတို့မျော်လင့်လို့ ရသေးလားဆရာ။ ကျေးဇူးပြုပြီး ဘယ်လိုဆက်လုပ်သင့်လဲ
ဆိုတာ သိချင်လို့ပါ။
ဆီးထပ်စစ်ကြည့်ပါ။ လာစေတဲ့ဆေး မသောက်သေးတာ ကောင်းပါတယ်။
• Pregnancy Tests ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်ခြင်း

Thu, Mar 15, 2012 at 10:46 PM
9. ကျနော့် အသက်က ၂၅ နှစ်ပါ။ ခုဖြစ်နေတာက အင်္ဂါအရည်ပြားရှည်တာပါ။ အဲဒါက
ငယ်ငယ်ကတည်းကပါ။ နောက်ထိ ဆွဲလှန်လို့ရပါတယ်။ အသက် ၂ဝ လောက်ကလည်း
မိန်းကလေး တယောက်နဲ့ အတူနေဖူးပါတယ်။ အဆင်တော့ ပြေပါတယ်။ ဒါပေမယ့်
အရေပြားဟာ အင်္ဂါသန်မာလာတဲ့အခါမှာ နောက်ထိ အလိုလို မရောက်ပါဘူး။ လက်နဲ့
ဆွဲပြီးပေးရပါတယ်။ အထစ်နေရာမှာ အရည်ပြားဟာ တင်းကျပ်နေပါတယ်။ အဲဒါက အရင်က
အခြေအနေပါ။ အခုတော့ အဲဒီအရည်ပြား တင်းကျပ်တာဟာ ပိုတင်းလာတယ်လို့
ခံစားရပါတယ်။ အရည်ပြားလည်း ပိုရှည်လာတယ်လို့ ထင်ရပါတယ်။ အဲဒီတော့
အရည်ပြားထဲမှာရှိတဲ့ အညစ်အကြေးတွေကို အမြဲ သန့်ရှင်းရပါတယ်။ ဆပ်ပြာကိုပဲ
သုံးတော့တခါတလေ ဆပ်ပြာလောင်တာလား မပြောတတ်ပါဘူး။ အရေပြားဟာ
ပေါက်ပြဲတတ်ပါတယ်။ သူငယ်ချင်း တယောက်နဲ့ တိုင်ပင်ကြည့်တော့ အရေပြား
ဖြတ်ရတယ်လို့ ပြောပါတယ်။ ခက်တာက ကျနော်အခု ပြည်ပမှာပါ။
အလုပ်လုပ်နေတာဆိုတော့လည်း နားရက်ရှည်ယူလို့ မရဘူး။ မြန်မာပြည်ကို နောက် ၆
လလောက် နေရင်ပြန်လာဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီတော့ ဒါဟာ ကြာလာရင် အန္တရာယ်
ရှိနိုင်ပါသလား။ ပြီးတော့ မြန်မာပြည်မှာဆိုရင် ဘယ်မှာ ကုလို့ရပါသလဲ။
ကုန်ကျစရိတ်က အရေးမကြီးပေမယ့် ခန့်မှန်းခြေလေးလည်း သိချင်ပါတယ်။
အရေးအကြီးဆုံးက ဆေးရုံတက်ရမှာလား၊ ဘယ်နှစ် ရက်လောက် အခန်းထဲမှာ နေရမှာလဲ၊
ဘယ်နှစ်ရက်လောက်နေမှ ကောင်းကောင်းမွန်မွန် လှုပ်ရှားမှု ပြုလို့ရမလဲ
ဆိုတာရယ်၊ ပြီးတော့ ကုသပြီး ဘယ်အချိန် အတိုင်းအတာလောက်မှာ ဆက်ဆံလို့ရမလဲ
ဆိုတာလေးတွေ အိမ်ထောင်ပြုဖို့ အစီအစဉ်ရှိလို့ပါ။ ဒီအတောအတွင်း ဆောင်ရန်
ရှောင်ရန်များနှင့် အကြံပြုချက်များကိုလည်း လိုချင်လို့။
ရောဂါရယ်လို့တော့ မဟုတ်ပါ။ ရေးပြသလို တစုံတရာ အနှောက်အယှက်ဖြစ်ရတာဆိုရင်
ပြင်လို့ရပါတယ်။ သန့်ရှင်းရေးအတွက် ဆပ်ပြာလို့ထင်ရင်
ဆပ်ပြာပြောင်းသုံးပါ။ ပြင်းတာမျိုး မသုံးပါနဲ့။ ဥပမာ Baby shampoo မျိုးက
အပြော့စားဖြစ်လို့ သုံးနိုင်ပါတယ်။ အိမ်ထောင်ပြုတာ
ဘာမှစိုးရိမ်စရာမလိုပါ။
ခွဲစိတ်နည်းက Minor surgery သာမန်ခွဲစိတ်မှုအဆင့်သာဖြစ်ပါတယ်
ဆေးရုံတိုင်း။ ဆရာဝန်တိုင်းကနေ လုပ်ပေးနိုင်ပါတယ်။ ဒါပေမဲ့
ကိုယ့်အခြေအနေက နဲနဲ ထူးတာလေးတွေရှိလို့ တိုင်ပင်လို့ကောင်းတဲ့၊
ခွဲစိတ်ပညာ အတွေ့အကြုံများတဲ့ ဆရာဝန်နဲ့ဆို ပိုကောင်းပါမယ်။
အပြင်လူနာအနေနဲ့လဲ လုပ်နိုင်တယ်။ အတွင်းလူနာဆိုလဲ ရက်မကြာပါ။
ဆေးရုံကုတင်နေရာကျပ်ရင် ၁-၂ ရက်နဲ့လဲ ဆင်းနိုင်တယ်။ ချုပ်ရိုးကို
ပြန်ဖြေရတာလဲသုံးတယ်။ မဖြေရတာလဲ သုံးတယ်။ ၁-၂ ရက်သာ နာတာလေးရှိမယ်။
သာမန်အလုပ်-အိမ်အလုပ် လုပ်နိုင်တယ်။ အိမ်ထောင်နဲ့နေတာမျိုးတော့
ခွဲစိတ်ပြီးနောက် ၂ ပါတ်အနည်းဆုံး အချိန်ယူသင့်တယ်။
• Phimosis ပန်းငုံတယ် ဆိုတာ
http://dtsmedicaleducationblogspotcom/2010/08/qandphimosishtml
• Circumcision ပန်းအဖျား လှီးဖြတ်ပေးခြင်း
http://healthadultreadingblogspotcom/2011/04/circumcisionhtml
ဈေးနှုန်း များစရာမရှိပါ။ ပြည်တွင်းထဲက အခြေအနေကို ဆရာသိပ်မသိပါ။


Read more...
Posted by Dr. Tint Swe at 9:56 AM
Email ThisBlogThis!Share to TwitterShare to Facebook
Monday, March 12, 2012
Stages of Pregnancy ကိုယ်ဝန်ဆောင် အဆင့်များ
ကိုယ်ဝန်ဆောင်တာဟာ (LMP) နောက်ဆုံး ရာသီလာတဲ့ရက်ကနေ စတွက်ရင် ပျမ်းမျှ
ရက်သတ္တပါတ်ပေါင်း (၄ဝ) ကြာတယ်။ ကိုယ်ဝန်ကို (၃) လ စီ (၃) ပိုင်း
ခွဲခြားလေ့လာတယ်။ First trimester ပဌမ ၃ လ၊ Second trimester ဒုတိယ ၃ လ
နဲ့ Third trimester တတိယ ၃ လလို့ ခေါ်ကြတယ်။
1. ပဌမ ၃ လဆိုတာ သန္ဓေစတည်ချိန်ကနေ နောက် ၁၂ ပါတ်အထိ။
2. ဒုတိယ ၃ လဆိုတာ ၁၃ ပါတ်ကနေ ၂၇ ပါတ်အထိ၊
3. တတိယ ၃ လဆိုတာ ၂၈ ပါတ်ကနေ မွေးတဲ့အထိ။

၁-၁၂ ပါတ် ကိုယ်ဝန် မိခင်လောင်းမှာ ဘာတွေပြောင်းလဲလာသလဲ။
• ဟော်မုန်းအပြောင်းအလဲတွေကြောင့် ကိုယ်ခန္ဓာ စနစ်တိုင်းလိုလိုမှာ
အပြောင်းအလဲတွေ အများကြီးဖြစ်လာစေတယ်။
• လစဉ်ရာသီ မလာတော့ဘူး။
• စိတ်ပိုင်းရော ရုပ်ပိုင်းမှာပါပြောင်းလာတယ်။
• မောပန်းလွယ်မယ်။
• ရင်သား နာတယ်၊ ပိုကြီးထွားလာမယ်။
• နို့သီးထိပ်ဖျားလဲ သိသိသာသာဖြစ်လာမယ်။
• အစာမကျေသလိုဖြစ်လာမယ်။ ပျို့ချင်-အန်ချင်ဖြစ်မယ်။
• Morning sickness ခေါ်ကြတယ်။
• အစားအစာ တမျိုးမျိုးကို တပ်မက်မှု ချဉ်ခြင်းတပ်တာ ဖြစ်နိုင်တယ်။
• စိတ်မူ ပြောင်းလာနိုင်တယ်။
• ဝမ်းချုပ်တတ်တယ်။
• ဆီးခဏခဏသွားချင်မယ်။ • ခေါင်းကိုက်မယ်။
• ရင်ပူမယ်။
• ကိုယ်အလေးချိန်တိုးလာမယ်။ အန်တာ၊ အစာမစားချင်တာများရင် အလေးချိန်ကျနိုင်တယ်။
• စားချိန်၊ အိပ်ချိန်တွေ ပြောင်းလာတတ်တယ်။ အစားကို နဲနဲ နဲ့
ခဏခဏစားချင်လာမယ်။ ကိုယ်ဝန်ရင့်လာနဲ့ ဒီလိုခံစားနေရတာတွေ ကောင်းလာမယ်။
တချို့မှာတော့ တောက်လျှောက် နေမကောင်းဖြစ်နေတတ်တယ်။
ရက်သတ္တ (၄) ပါတ် သန္ဓေသား
• ကလေးဦးနှောက်နဲ့ ခါးရိုးမကြီးထဲက အာရုံကြောကြီး စတင်ဖြစ်ပေါ်လာပြီ။
• နှလုံးလဲ စတင်ဖြစ်လာပြီ။
• ခြေ-လက်ဖြစ်လာမဲ့ အရာလဲ ပေါ်လာပြီ။
• သန္ဓေသားဟာ တလက္မရဲ့ ၂၅ ပုံ ၁ ပုံ အရှည်ရှိလာပြီ။

ရက်သတ္တ (ဂ) ပါတ် သန္ဓေသား
• အဓိကအင်္ဂါအစိတ်အပိုင်းတွေ ဖြစ်ပေါ်လာပြီ။ ကိုယ်ရယ်-ခေါင်းရယ်ရှိလာပြီ။
• နှလုံးခုန်တာ စည်းချက်ကျကျကြားရပြီ။
• ခြေတွေ-လက်တွေ ရှည်လာပြီ။ လက်ချောင်းလေးတွေ ပီပြင်လာပြီ။
• ယောက်ျားလေး-မိန်ကလေး ခွဲခြားဖြစ်လာပြီ။
• မျက်လုံးက မျက်နှာရှေ့ထွက်ပြူလာပြီ။ မျက်ရစ်ပေါ်လာပြီ။
• ချက်ကျိုးကို ကောင်းကောင်းမြင်လာရပြီ။
• ရက်သတ္တ (ဂ) ပါတ်အကုန်မှာ သန္ဓေသားက ကလေးငယ်လေး၊ လူသားလေးလို
ပီပြင်လာပြီ။ တလက္မအထိ ရှည်လာပြီ။ အလေးချိန် တအောင်စရဲ့ ၈ ပုံ ၁
ပုံရှိလာပြီ။ (၁ အောင်စ = ၂၈့၃ ဂရမ်)

ရက်သတ္တ (၁၂) ပါတ် သန္ဓေသား
• အာရုံကြောတွေနဲ့ ကြွက်သားတွေ တွဲလုပ်နိုင်လာကြပြီ။
• လက်သီးဆုပ်တတ်လာပြီ။
• အပြင်ပန်းအရ ယောက်ျားလိင်အင်္ဂါ၊ မိန်းမ လိင်အင်္ဂါတွေ မြင်လာနိုင်ပြီ။ ပဌမ
၃ လနောက်မှာ (အာလ်ထွာဆောင်း) ရိုက်ရင် မွေးမဲ့ကလေးရဲ့ လိင်ကိုသိနိုင်ပြီ။
• မျက်ခွံတွေ ကြီးထွားလာနေတဲ့ မျက်လုံးကို ကာကွယ်တဲ့အနေနဲ့ ပိတ်ထားမယ်။
၂၈ ပါတ်ထိ မဖွင့်ဘူး။
• ဦးခေါင်း ဖွံ့ထွားနေတာ နှေးလိုက်ပြီ။ ကိုယ်ပိုင်းက ပိုကြီးထွားလာမယ်။
၃ လက္မအထိရှည်လာပြီ။ တအောင်စအထိ လေးလံလာပြီ။

• ရက်သတ္တ (၁၃-၂၈) ပါတ် သန္ဓေသား ကိုယ်ဝန် ဒုတိယ (၃) လ
• များသောအားဖြင့် ကိုယ်ဝန် ဒုတိယပါတ်ဟာ ပဌမပါတ်ထက် နေရထိုင်ရ
သက်သာကောင်းမွန်ကြတယ်။ ပျို့ချင်၊ အန်ချင်တာတွေ၊ အားကုန်တာတွေ
ပျောက်သွားပြီ။ အသစ်အပြောင်းအလဲတွေတော့ ရှိလာမယ်။ ဗိုက်ဖေါင်းလာတာက
ပိုသိသာလာမယ်။ အထဲက ကလေးလှုတ်တာ သိလာမယ်။ ကလေးက ခြေနဲ့ကန်တာလဲ
သတိထားမိမယ်။

ရက်သတ္တ (၁၆) ပါတ် သန္ဓေသား
• ညောင်းတာ၊ ကိုက်တာ၊ ခါးနာတာဖြစ်လာမယ်။ ပေါင်-ခြေသလုံးတွေ နာနိုင်တယ်။
• ဗိုက်၊ ပေါင်၊ ရင်သား၊ တင်ပါးတွေမှာ အကြောပြတ်တဲ့ အရာတွေ ထင်လာမယ်။
• ရင်သားထိပ်က အရောင်ပိုမဲလာမယ်။
• ချက်ကနေ အောက်တည့်တည့် တန်းနေတဲ့ ခပ်မဲမဲ မျဉ်းကြောင်းထင်လာမယ်။
• ပါး၊ နှာခေါင်း၊ အပေါ်နှုတ်ခမ်း၊ နဖူး စတဲ့နေရာမှာ အရောင်ရင့်တဲ့
အစက်အပျောက်တွေပေါ်လာနိုင်တယ်။
• မျက်နှာ ဘယ်ဘက်နဲ့ ညာဘက် ခပ်ဆင်တူတူဖြစ်လို့ ကိုယ်ဝန်ဆောင်
မျက်နှာဖုံးလို့ ခေါ်ကြတယ်။
• လက်တွေမျာ ထုံကျင်ကျင်ဖြစ်လာတာကို Carpal tunnel syndrome
(ကာပယ်လ်-တာနယ်လ်-ဆင်ဒရုမ်း) ခေါ်တယ်။
• ဗိုက်၊ လက်ဖဝါး၊ ခြေဖဝါးတွေ ယားနိုင်တယ်။ တကယ်လို့ ပျို့-အန်တာ၊
အသား-ဆီးဝါတာ၊ အစားပျက်တာ၊ အားကုန်တာတွေနဲ့ ယားတာ တွဲဖြစ်ရင်တော့
ဆရာဝန်ပြပါ။ အသဲကို စစ်ဆေးဘို့ လိုမယ်။
• ခြေသလုံး၊ လက်၊ မျက်နှာတွေ ရောင်နိုင်တယ်။ တကယ်လို့ ရောင်တာက များတယ်။
ဆီးအနည်ပါနေမယ်၊ ကိုယ်အလေးချိန်တိုးတာ များမယ်ဆိုရင် ဆရာဝန်ပြပါ။

ရက်သတ္တ (၁၆) ပါတ် သန္ဓေသား
• ကြွက်သားတွေ၊ အရိုးတွေ ပိုဖြစ်ပေါ်လာကြပြီ။ အရိုးစနစ်က ပိုပြည့်စုံလာပြီ။
• အရေပြားလဲ ဖြစ်လာပြီး ပါးလွန်းလို့ ဒိုးယိုပေါက်မြင်ရသလောက်ဘဲ။
• Meconium ငယ်ချီး ဆိုတာ ဖြစ်လာပြီ။ အူတွေက စလှုတ်ရှားလာနေပြီ။
• ပါးစပ်က စုပ်တဲ့ တုံ့ပြန်မှု စလုပ်နိုင်လာပြီ။
• အရှည် ၄-၅ လက္မ နဲ့ အလေးချိန် ၃ အောင်စရှိလာပြီ။

ရက်သတ္တ (၂ဝ) ပါတ် သန္ဓေသား
• ပိုလှုတ်ရှားတတ်လာပြီ။
• Lanugo ခေါ်တဲ့ ကိုယ်မွှေးနုလေးတွေက တကိုယ်လုံးဖုံးနေပြီ။ Vernix ခေါ်တဲ့
ဖယောင်းလိုအရာလဲရှိလာပြီ။
• မျက်ခုံးမွှေး၊ မျက်တောင်မွှေး၊ လက်သည်း-ခြေသည်းတွေ ဖြစ်လာပြီ။
• အကြားအာရုံရှိလာပြီ။ မျိုချတတ်လာပြီ။
• ၆ လက္မရှည်ပြီး ၉ အောင်စ လေးလာပြီ။

ရက်သတ္တ (၂၄) ပါတ် သန္ဓေသား
• Bone marrow ရိုးတွင်းခြင်ဆီဖြစ်လာလို့ သွေးဥတွေထုတ်လုပ်လာပြီ။
• Taste buds လျှာမှာ အရသာခံနိုင်တဲ့ အဖုလေးတွေဖြစ်လာပြီ။
• လက်ဗွေ၊ ခြေဗွေတွေဖြစ်လာပြီ။
• ခေါင်းမှာ တကယ့်ဆံပင်ဖြစ်လာပြီ။
• အဆုပ်တွေဖြစ်လာပြီ။ အလုပ်တော့မလုပ်သေးဘူး။
• Startle reflex ခေါ်တဲ့ ရုတ်တရက်တခုခုကနေ ထိခိုက်စေသလိုမျိုး
သက်ရောက်မှုရှိတာကို အလိုလို တုံ့းပြန်နိုင်စွမ်းဆိုတာ ရှိလာပြီ။ ဥပမာ
မျက်စိကို ကာကွယ်ဘို့ မျက်တောင်ပိတ်ပြစ်တာမျိုး။ လက်တွေကလဲ အဲလိုသဘော
လုပ်တတ်လာပြီ။ ဦးနှောက် အောက်ခြေကနေ လုပ်ပေးတာဖြစ်တယ်။
• အိပ်တတ်၊ နိးတတ်လာပြီ။
• ယောက်ျားလေးဆိုရင် ဗိုက်ထဲမှာ စဖြစ်ခဲ့တဲ့ ကျားအစိဟာ ကပ်ပဲ့အိတ်ထဲဆင်းလာပြီ။
• မိန်းကလေးဆိုရင် သားအိမ်၊ မျိုးဥအိမ်တွေ နေသားတကျဖြစ်လာပြီ။
• အရပ်က ၁၂ လက္မရှည်ပြီ။ အဆီကိုစုဆောင်းတတ်လာလို့ ကိုယ်အလေးချိန်တက်လာမယ်။
၁ ပေါင်ခွဲလေးလာပြီ။

တတိယ (၃) လပိုင်း ရက်သတ္တ (၂၉-၄ဝ) ပါတ်
• အသက်ရှူရတာ နဲနဲခက်လာမယ်။ ကိုယ်လက်သန့်ရှင်းဘို့ ခဏခဏသွားရမယ်။
ကြီးထွားလာတဲ့ကလေးက ဆီးအိမ်နဲ့ အစာဟောင်းအိမ်တွေကို ဖိလာလို့ဖြစ်ရတယ်။
• စိတ်ပိုင်းခံစားရတာ ပြောင်းလာမယ်။ ကလေးအတွက် စိုးရိမ်တာရော
ဝမ်းမြောက်တာပါ စိတ်ထဲမှာ လွှမ်းမိုးလာမယ်။
• ရင်ပူမယ်။
• ခြေ-လက်-မျက်နှာ ပိုရောင်လာတတ်တယ်။
• လိပ်ခေါင်းရှိလာမယ်။
• ရင်သားက တင်း-နာမယ်။ ညှစ်ကြည့်ရင် Pre-milk နို့ဦးရည်ကြည်ခေါ်တဲ့
Colostrums ထွက်မယ်။
• ချက်ကစူလာမယ်။
• အိပ်ရတာခက်လာမယ်။
• သားအိမ်ဝက ပြောင်းလာမယ်။ ပိုပါးပြီး ပျော့လာမယ်။ Effacing ခေါ်တယ်။

ကိုယ်ဝန် ၃၂ ပါတ်
• ကလေးအရိုးတွေအားလုံး ဖြစ်မြောက်လာပြီ။ ပျော့နေသေးတယ်။
• ခြေကန်တာ သန်လာပြီ။
• အလင်းရောင်ရရင် မျက်စိမှိတ်တတ်-ဖွင့်တတ်ပြီ။
• အရေးပါတဲ့ (ကယ်လ်စီယမ်) နဲ့ သံဓါတ်တွေကို လှောင်ထားနိုင်လာပြီ။
• အရင်ကရှိနေခဲ့တဲ့ Lanugo အရေပြားနုလေးတွေနေရာ တကယ့်အရေပြား အစားထိုးလာပြီ။
• အလေးချိန်က တိုးသထက်တိုးလာတယ်။ ၇ ရက်တပါတ်မှာ ဂ အောင်စနှုန်းတိုးလာမယ်။
အခုဆိုရင် ၁၅-၁၇ လက္မအရပ်ရှိပြီ။ ၄ ပေါင်၊ ၄ ပေါင်ခွဲလေးလာပြီ။

ကိုယ်ဝန် ၃၆ ပါတ်
• အပေါ်ဖုံး Vernix ဖယောင်းလွှာ ပိုထူလာမယ်။
• အဆီပိုများမယ်။ သားအိမ်ထဲမှာ သူကပိုကြီးလာလို့ အရင်ကလောက်
လှုတ်ရှားမရဖြစ်လာတယ်။ ၁၆-၁၉ လက္မ နဲ့ ၆-၆့၅ ပေါင်ရှိလာပြီ။

၃၇-၄ဝ ပါတ်
• ၃၇ ပါတ်ပြည့်ရင် လစေ့ပြီလို့ ပြောနိုင်တယ်။
• အများဆုံးကိုယ်ဝန်တွေမှာ ကလေးခေါင်းက အောက်ဖက်မှာ သတ်သတ်မှတ်မှတ်ရှိလာပြီ။

Dr. တင့်ဆွေ
၁၂-၃-၂၀၁၂
Read more...
Posted by Dr. Tint Swe at 9:12 AM
Email ThisBlogThis!Share to TwitterShare to Facebook
Sunday, March 11, 2012
Pelvic Pain အမျိုးသမီး ဆီးစပ် (ဗိုက်အောက်ပိုင်း) နာခြင်း
အမျိုးသမီးကြီး-ငယ်တွေမှာ ဆီးစပ် (ဗိုက်အောက်ပိုင်း) နာခြင်း
ဖြစ်စေနိုင်တာတွေ အမျိုးမျိုးရှိတယ်။ အန္တရာယ်မပေးနိုင်တဲ့
ရာသီဖြစ်စဉ်နဲ့ဆိုင်တာ ဖြစ်နိုင်တယ်။ အစာခြေလမ်း ကသိကအောင့်ဖြစ်လို့လဲ
နာနိုင်တယ်။ အရေးပေါ် အသက်ကိုရန်ရှာနိုင်တာလဲ မဖြစ်ဘူး မပြောနိုင်ပါ။

1. Appendicitis အူအတက်ရောင်ခြင်း
ဗိုက် အောက်ပိုင်း ညာဘက်မှာ ရုတ်တရက် စူးစူးရှရှနာမယ်။ ကိုယ်ပူမယ်။
အန်မယ်။ အရေးပေါ်ဌာန ပြပါ။ ချက်ချင်း ခွဲခြင် ခွဲရမယ်။ ရုတ်တရက်ရောင်တာ
မဟုတ်ရင် မခွဲသေးဘဲ ဆေးကုလို့ရတယ်။

2. Irritable Bowel Syndrome (IBS) နာတာရှည် အစာမကျေရောဂါ
နာလိုက်-ပျောက်လိုက်၊ ရင်ပြည့်-ရင်ကယ်ဖြစ်လိုက်နေမယ်။ ဝမ်းပျက်လိုက်၊
ဝမ်းချုပ်လိုက်နေမယ်။ ဆရာဝန်တွေလဲ ဘာလို့ ဖြစ်တာ တိတိကျကျ မသိပါ။ ဒါပေမဲ့
ဆေးနဲ့ အစားအစာ ပြုပြင်တာနဲ့ အများကြီးသက်သာစေမယ်။

3. Painful Ovulation
Mittelschmerz လို့လဲခေါ်တယ်။ လစဉ်ရာသီတလရဲ့ အလည်ရက်မှာ မျိုးဥအိမ်ကနေ
မျိုးဥတခုထွက်လို့လဲ တချို့မှာ နာတယ်။ အနာသက်သာဆေး တခုခုနဲ့ ပျောက်ပါတယ်။

4. PMS
Premenstrual Syndrome ရာသီမလာခင်ဖြစ်ချင်တာတွေထဲက တခုပါ။ အတော်များများ
ခံစားကြရတယ်။ တချို့ အတော်ဆိုးတယ်။ ဗိုက်နာတာအပြင် စိတ်မူပြောင်းတာလဲ
ဖြစ်ကြရတယ်။ ခေါင်းကိုက်၊ ရင်သားနာ၊ ဝင်ခြံပေါက်။ သပ်သပ်ရေးထားပါတယ်။

5. Menstrual Cramps
ရာသီလာရင် နာတာသက်သက်ကိုပြောတာ။ သားအိမ် အတွင်းဆုံးလွှာက ပါးရာကနေ
ထူထူလာပြီး နောက်ဆုံး ပျက်စီးပြီး သွေးနဲ့ တစ်ရှူးတွေ ဆင်းလာကို ရာသီ
ဆင်းတယ်လို့ ခေါ်တယ်။ ဆင်းစရာတွေ ထွက်ကျအောင် သားအိမ်က ညှစ်လို့
နာတာခံရတယ်။

6. Ectopic Pregnancy သားအိမ်ပြင်ပ သန္ဓေတည်ခြင်း
ကံမသင့်ရင် ဖြစ်ချင်တယ်။ ကိုယ်ဝန်နုတုံးမှာ သန္ဓေတည်တာက သားအိမ်မဟုတ်တော့
ကြီးလာတာကို ကျယ်-ဆန့် မပေးနိုင်တဲ့ နေရာမှာ နောက်ဆုံး ပေါက်ကွဲထွက်လို့
မခံမရပ်နိုင်အောင်နာမယ်။ အရေးပေါ်ဖြစ်တယ်။ သပ်သပ်ရေးထားပါတယ်။

7. Pelvic Inflammatory Disease တင်ပါးဆုံတွင်း အင်္ဂါတွေရောင်ခြင်း
STDs လိင်ကတဆင့်ကူးစက်ရောဂါတွေရဲ့ နောက်ဆက်တွဲဖြစ်တာတွေထဲက တခုဖြစ်တယ်။
သားအိမ်ဝ၊ သားအိမ်၊ သားအိမ်ပြွန်၊ မျိုးဥအိမ် စတာတွေက ရောင်လိုက်၊
သက်သာလိုက်ဖြစ်မယ်။ ဗိုက်နာမယ်။ ဘယ်-ညာ တဖက်ထဲ၊ နှစ်ဖက်လုံး နာနိုင်တယ်။
ထိမိရင်လဲနာမယ်။ အိမ်ထောင်နဲ့ ဆက်ဆံရင်လဲ တချို့မှာ နာမယ်။ မွေးလမ်းကနေ
ဆင်းတာလဲ ရှိနိုင်တယ်။ ကြာရင် ကလေးမရနိုင်တာ ဖြစ်သွားနိုင်တယ်။
သပ်သပ်ရေးထားပါတယ်။

8. Ovarian Cysts မျိုးဥအိမ် အကျိတ်
ဒီနေရာမှာ အကျိတ်ဖြစ်တိုင်းတော့ မနာပါ။ တချို့ နေ့စေ့လစေ့
ကိုယ်ဝန်လောက်အထိကြီးလဲ မနာဘူး အလှည့်မသင့်ရင် နာမယ်။ အလှည့်မသင့်ဆိုတာ
ဒီနေရာမှာ အတိအကျပြောတာလိုဘဲ၊ အညှာနေရာရှိလေတော့ လည်ရင်း လှည့်ရင်းနဲ့
လိမ်ပြီး ညှစ်တာခံရလို့ သွေးကောင်းကောင်းမလျှောက်၊ ရောင်လာလို့
နာတာဖြစ်တယ်။ ချက်ချင်း ခွဲရတတ်တယ်။

9. Uterine Fibroids သားအိမ် အသားပိုအလုံး
ဒါကလဲ ဖြစ်တိုင်းတော့ မနာဘူး။ တလုံးမက ရှိနေလဲ နာချင်မှနာမယ်။ ကင်ဆာတော့
မဟုတ်ပါ။ တချို့ကြ နာတယ်။ ဆက်ဆံချိန်မှာ နာသူလဲရှိတယ်။ သွေးဆင်းများတာ၊
ခါးနာတာတွေလဲ တွဲနေတတ်တယ်။

10. Endometriosis သားအိမ်ရောဂါ တမျိုး
နာမှာသေခြာတယ်။ ရာသီလာချိန်လဲနာမယ်။ အတူနေရင်လဲနာမယ်။ သားအိမ် (တစ်ရှူး)
တွေ တခြားနေရာရောက်နေလို့ ဖြစ်ရတယ်။ ဆေးကုရလဲ ခက်တယ်။ သပ်သပ်ရေးထားပါတယ်။

11. Urinary Tract Infection ဆီးလမ်းပိုးဝင်ခြင်း
ဆီးသွားချိန်နာမယ်။ ဆီးခဏခဏသွားချင်မယ်။ သွားချစ်စိတ်ရှိတာနဲ့
ရေချိုးခန်း တန်းပြေးရမယ်။ ဆီးပူမယ်။ ဆီးထဲ အနည်ပါမယ်။ သွေးပါတတ်တယ်။
ပြည်ပါနေမယ်။ အရွယ်မရွေးဖြစ်တယ်။ (ဟန်းနီးမွန်း) မှာ အဖြစ်များတယ်။
အပျိုတွေလဲ ဖြစ်တတ်တယ်။ အသက်ကြီးမှလဲ ဖြစ်တာဘဲ။

12. Kidney Stones ကျောက်ကပ် ကျောက်
နာတဲ့ကျောက်က နာတယ်။ တစ်ဆို့နေတာမျိုးက သိပ်နာတယ်။ ဆီးထဲသွေးပါလာတတ်တယ်။

13. Interstitial Cystitis (IC)
နာတာရှည် ဆီးအိမ်ရောဂါဖြစ်တယ်။ ဘာလို့ဖြစ်လဲ မပြောတတ်ဘူး။
ဆီးသွားရဖန်များမယ်။ ဆီးသွားလဲနာ၊ အတူနေလဲ နာနိုင်တယ်။ အသက် ၃ဝ-၄ဝ ကြား
အဖြစ်များတယ်။
14. Sexually Transmitted Diseases လိင်ကတဆင့် ကူးစက်ရောဂါတွေ
Chlamydia (ကလာမိုင်ဒီးယား) နဲ့ Gonorrhea (ဂနိုးရီးယား) တွေက
အဖြစ်များတယ်။ တွဲဖြစ်တာလဲရှိမယ်။ ဆီးစပ်နေရာနာ၊ ဆီးအောင့်၊
ကြားရက်သွေးဆင်း၊ မွေးလမ်းက တခုခုဆင်းတာတွေ ရှိနိုင်တယ်။

15. Pelvic Organ Prolapse သားအိမ်ကျခြင်း
Cystocele ဆီးအိမ်ကျတာ ပိုများတယ်။ Rectocele အစာဟောင်းအိမ်လဲကျမယ်။
Uterine peolapse သားအိမ်ပါကျနိုင်တယ်။ နာတဲ့လူမှာ နာမယ်။ မွေးလမ်းမှာ
တစ်ဆို့ဆို့နေတာက သိသာတယ်။ (ကီဂယ်လ်) လေ့ကျင့်ခန်းလုပ်ပါ။
သပ်သပ်ရေးထားပါတယ်။ လိုအပ်ရင် ခွဲစိတ်ပါ။

16. Pelvic Congestion Syndrome
ခြေထောက်မှာ အကြောထုံးတယ်လို့ခေါ်မျိုး အတော်များများမြင်ဘူးမယ်။
မမြင်ရတဲ့ အထဲမှာလဲ အဲဒါမျိုးဖြစ်နိုင်တယ်။ တင်ပါးဆုံတွင်းမှာဖြစ်ရင်
နာမယ်။ အိပ်-လှဲနေတာ သက်သာတယ်။ ထိုင်တာ၊ ရပ်တာမှာ နာမယ်။

17. Scar Tissue အမာရွတ်
အရင်က ဗိုက်ကို တခုခုကြောင့် ခွဲစိတ်ကုသမှု ခံဘူးရင် အမာရွတ်ကနေ
နာစေနိုင်တယ်။ လူတိုင်းတော့ မဟုတ်ဘူး။ အမာရွတ်ဆိုတာ
အပြင်မှာမြင်ရတာကြည့်ရင် တယောက်နဲ့ တယောက် မတူတာသတိထားမိကြမှာဘဲ။ အထဲလဲ
အဲလိုဘဲ။ တချို့ရောဂါတွေက အဲလိုဖြစ်ဏတတ်တယ်။ အမာရွတ်ဆိုတာက အထဲမှာ
အမျဉ်းတန်းနေလို့ တခြားအင်္ဂါနဲ့ ငြိနေ၊ ကပ်နေ၊ ဆို့နေရင် နာမယ်။
အူပိတ်တာအထိ ဖြစ်စေနိုင်တယ်။ ထပ်ခွဲစိတ်ရတာလဲ ရှိတတ်တယ်။

18. Vulvodynia
မိန်းမကိုယ်မှာ နာတာရှည်နာနေသူရှိတတ်တယ်။ ဒါလဲ ဘာလို့လာဖြစ်လဲ
မပြောတတ်ဘူး။ မွေးလမ်းအဝ နားတဝှိုက်မှာ နာတတ်တယ်။ ဆက်ဆံမှု
မလုပ်ဘဲနဲ့နာတယ်။ ပူလောင်နာ၊ ထိုးနာမယ်။ စက်ဘီးစီးရင်လဲနာ အတူနေလဲနာမယ်။

19. Pain during sex
Dyspareunia ခေါ်တယ်။ အပေါ်ကအကြောင်းတရားတွေကနေ ဖြစ်နိုင်တယ်။ ဆေးကုလို့ရတာ
များပါတယ်။ တခြား အကြောင်းတွေထဲမှာ Vaginal infections (ဗဂျိုင်းနား) ကို
ပိုးဝင်တာ နဲ့ Insufficient lubrication ဗဂျိုင်းနား
စိုစွမ်မှုနည်းလို့လဲပါတယ်။ အထူးသဖြင့် သွေးဆုံးချိန်မှာ နာမယ်။
သပ်သပ်ရေးထားပါတယ်။

20. Chronic Pelvic Pain
အဲလိုနာနေတာ ၆ လ ကျော်ရင် နာတာရှည်လို့ သတ်မှတ်တယ်။ အိပ်ရေးပျက်။
အလုပ်ပျက်၊ လင်-မယား ဆက်ဆံရေးလဲ ခက်မယ်။ စနစ်တကျ ရောဂါရှာပြီး ကုသရမယ်။

Dr. တင့်ဆွေ
၁၁-၃-၂ဝ၁၂
Read more...
Posted by Dr. Tint Swe at 5:56 AM
Email ThisBlogThis!Share to TwitterShare to Facebook
Older Posts Home
Subscribe to: Posts (Atom)
မြန်မာနိုင်ငံသားများ ဘယ်မှာနေနေ ကျန်းမာစေရမည်။
Over 18 Readings Website
Ɯ http://www.yamunaclinic.org/index.php?option=com_content&view=category&layout=blog&id=34&Itemid=49
My Blogs
Political Page နိုင်ငံရေးစာမျက်နှာ
Adult reading (၁၈) နှစ်ပြည့်မှဖတ်ပါ ဆေးပညာစာများ
Medical Writings ဆေးပညာစာများ
Yamuna Online Clinic ယမုန်နာဆေးခန်း
NCGUB အမျိုးသားညွန့်ပေါင်းအစိုးရ
My Life as a Doctor ဆရာဝန်ဘဝ
Popular Posts

   *
     Female Orgasm (1) အမျိုးသမီး ပြီးခြင်း
     အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၂) “Orgasm ဆိုတာ လိင်စိတ်နိုးဆွရာက
ဖြစ်လာတဲ့ အကျိုးရလဒ် ဇီဝကမ္မဖြစ်စဉ်တရပ်” လို့ အဓိပ္ပါယ် ဖွင့်ပါတယ်။
“လိင်ဆက်ဆ...
   *
     Positions during pregnancy ကိုယ်ဝန်ဆောင်စဉ် သုံးနိုင်တဲ့ အနေအထားများ
     အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၆၂) 1) သတင်းတခုမှာ ဖတ်လိုက်ရလို့ပါ။
ပါးစပ်မှာ ပိုးတွေ အများကြီး ရှိတယ်လို့။ ဆက်ဆံရာမှာ ပါးစပ်သုံးတာ ရောဂါ
ရနိုင...
   *
     Virginity (2) လူပျိုစစ်တယ် ပြောတာဘဲ
     အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၅၉) October 8, 2010 1:39 PM Q 1:
အပျိုတကယ် စစ်ပါတယ်ကို ဖတ်ပြီးတော့ သမီးတို့ မသိသေးတာတွေတောင်ပါလို့
ဗဟုသုတ ရပါတ...
   *
     Penis enlargement (3) ကျားအင်္ဂါ ကြီးစေခြင်း (၃)
     အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၇၃) May 17, 2011 at 12:57 AM 1.
ဆရာ့ရဲ့ ရှုထောင့် သက်သက်ကနေပြောမယ်ဆိုရင် ရှည် (သို့) ကြီးစေဖို့အတွက်
ဘေးထွက်ဆိ...
   *
     Butt exercises for women အောက်ပိုင်း ဖွံ့ထွားလိုလျှင်
     အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၆၇) 15 Dec 10, 06:41 ကျွန်တော်ရဲ့
ချစ်သူက အရပ်လဲ မြင့်တယ် ပိန်လဲ မပိန်ဘူး။ တင်ပါး မဖွံ့ဖြိုးလို့ပါ။
တင်ပါး ထွက...
   *
     Virginity fraud အပျိုရည် ပျက်ခြင်း
     အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၅၆) မိန်းကလေး တယောက်ကနေ
အကျိုးတခုခုကို မျှော်ကိုးပြီး မမှန်ဘဲနဲ့ အပျိုစစ်ပါတယ်လို့
ပြောလိုက်တာကို Virginity fra...
   *
     Penis Pump ကျားအင်္ဂါသုံး ကရိယာတွေ
     အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၅၁) Mar 24, 2011 at 6:52 AM
ကျွန်တော့် အင်္ဂါက ပုံမှန်အရွယ်အစား ရှိပါတယ်၊ Penis Pump
တစ်ခုဝယ်ထားမိပါတယ်။ သုံးလည်...
   *
     Penis enlargement (2) ကျားအင်္ဂါ ကြီးစေခြင်း (၂)
     အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၇၂) May 15, 2011 at 3:23 PM Injection
of liquid silicone into the penis and the scrotum လိင်တံနဲ့
ကပ်ပဲ့အိပ်ထ...
   *
     Q and A Over 18 Readings (3)
     Q 1: ကျားအင်္ဂါ စိုစွတ်အောင် ဘယ်လို လုပ်ရပါသလဲ။ Q 2: ဘယ်ဟာ
ပိတ်တာလဲတော့ မသိဘူး။ Q 3: တကယ်လို့ မွေးလမ်းကြောင်း ပိတ်တယ်ဆို
ကလေးမရနိုင်တော့ဘူ...
   *
     Sperm and Semen သုတ် နဲ့ သုက်ရည်
     အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၆၅) Apr 23, 2011 at 8:39 PM
အမျိုးသားလိင်အင်္ဂါက ထွက်လာတဲ့ အကြည်ရောင် ချောကျိကျိ အရည်မှာ
သုက်ပိုးပါပါသလား။ ပါမယ်...

Total Pageviews
Sparkline
About Me
My Photo

Dr. Tint Swe
   ဒေါက်တာတင့်ဆွေ
   MBBS (Mandalay)
   Sama 4272
   My Email

View my complete profile

[Message clipped]  View entire message

6 comments:

  1. ကျွန်တော်မှာ Sebaceous glands and penile papules are often mistaken for STDs, but they are not sexually transmitted. Sebaceous glands are usually attached to hair follicles, but can also appear on hairless areas of the body, such as the penis. The glands release a fatty substance called sebum onto the surface of the skin, which may give the appearance of a rash. ဖြစ်နေပါတယ်ဆရာကြီးခင်ဗျာ၊ ဂွေးဥအရေးပြားမှာ အဖုလေးတွေထွက်နေပါတယ်။ဘယ်ဆေးသောက်ရင်ပျောက်ကင်းနိုင်ပါသလဲ။ ကျေးဇူးပြုပြီးညွှန်ကြားပေးပါဆရာကြီးခင်ဗျား။ ကျေးဇူးအထူးတင်လျှက်ပါ

    ReplyDelete
  2. Man arr nae tar bar medicine take ya ma lae ?

    ReplyDelete
  3. Men arr nae tar bar medicine take ya ma lae ?

    ReplyDelete
  4. ဆရာခင်ဗျာကျွန်တော့အသက်၂၄ပါ ကျွန်တော်ဆရာရေးတဲ့အပျိုစစ်မစစ်ခွဲခြားခြင်းကိုဖတ်ပီးကျေနပ်ဗဟုသုတရပါတယ် ကျွန်တော်သိချင်နေတာလေးမေးပါရစေ ဆရာရေးတဲ့မိန်းမအင်္ဂါအောက်ဖျားအလည်နေရာအကောင်းပတိရှိရမယ်ကဘယ်နေရာပါလဲအတိအကျလေးသိချင်လို့ပါနောက်ကျွန်တော်သိထားတာလေးပါ အပျိုစစ်မိန်းခလေးကပထမဆုံးဆက်ဆံရင် အောက်ဒေါင့်နေရာမှာပြဲနေတဲ့အမာရွတ်လေးကျန်ရမယ်ပြောကြတယ် အဲ့ဒါကကောဘယ်နေရာကိုပြောတာပါလဲ မှန်ပါသလား တကယ်လို့ကိုနဲ့ပထမဆုံးဆက်ဆံမှအဲ့ဒီလိုအောက်ဒေါင့်ပြဲရင်ကောအပျိုစစ်တယ်လို့အကြမ်းဖျင်းပြောနိုင်ပါလား hymenကအကောင်းအမျိုးမျိုးကြောင့်ပျက်တယ်ပြောပါတယ် hymenပျက်နေတဲ့အပျိုစစ်မိန်းခလေးကကောသွေးထွက်နိုင်ပါသလား နောက်တစ်ခုကဆရာ အကြမ်းကြားဖြင့်လက်တချောင်စာထက်ပိုမဆံ့ဘူးပြောပါတယ် မဆံ့ဘူးဆိုတဲ့အတိုင်းအတာကဘယ်လိုပါလဲခင်ဗျာ လက်တချောင်းထက်ပိုတဲ့အရာဆိုရင်မိန်းခလေးကနာမှာမို့မဆံ့ဘူးပြောတာပါလား ကျပ်သိပ်မှုအတိုင်းအတာကကောအကြမ်းဖျင်းဘယ်လောက်ရှိနိုင်ပါသလဲခင်ဗျာ ကျွန်တော်သိချင်ခဲ့တာတွေပါ ဆရာဖြေပေးပါဦးခင်ဗျာ

    ReplyDelete
  5. ဆရာကြီးခဗျာ....ကျွန်တော်အမျိုးသမီးအတွက်ကျန်းမာရေးမေးခွန်းလေးမေးပရစေ...ကျွန်တော့်အမျိုးသမီးက လွန်ခဲ့တဲ့၃လလောက်က မိသားစုမသိအောင် ခိုးပြီးသွေးလှူလေရဲ့ ..သူ့မမှာ သွေးအားနည်းတတ်တဲ့ရောဂါအခံရှိပါတယ်ဆရာ..လှူပြီး၃ရက်လောက်နေတော့ အိပ်ရာထဲလဲပါလေရော ၂ပတ်လောက်နေတော့နလန်ပြန်ထူလာတယ် ဆေးတွေသောက်သွေးအားပြည့်တဲ့အစားအစာတွေလဲဂရုစိုက်ကျွေးခဲ့ရပါတယ်...ပြန်ကျန်းမာလာပေမယ့် အခုထိဓမ္မတာ မလာတေ့ပါဘူးဆရာ ကြာလာတော့ သူမအတွက်စိတ်ပူမိတယ် ဘယ်လိုဖြေရှင်းရင်အဆင်ပြေမလဲဆရာ ဖြေကြားပေးပါဦး သွေးခဲတာတို့ဘာတို့သေချာမသိပေမယ့် အန္တရာယ်ဖြစ်မှာကြောက်လို့ပါ ဆရာကူညီဖြေကြားပေးပါဦး ခဗျာ

    ReplyDelete
  6. ပါစပ်နဲ့ လိင်ဆက်ဆံရင် အမျိုးသမီးရဲ့ ပါစပ်ထဲ သုတ်ရည်ဝန်ခဲ့ရင် ကိုယ်ဝန်ရနိုင်ပါသလား ဆရာ

    ReplyDelete